Ch 6:part 2 အိမ်ရှေ့စံ၏ ချစ်ရသူ (U+Z)

4.9K 574 23
                                        

(Unicode)

"အိမ်ရှေ့စံ မင်းသား တကယ်ပဲလားဟင်... တကယ်ပဲလား မင်းသားက Lin မိသားစုက မိန်းကလေးနဲ့ လက်ဆက်ရတော့မယ် ဆိုတာ တကယ်ပဲလား..."

မင်းသား ကျတော်မျိုးမကို ထားခဲ့တော့မှာလားဟင် ပြောပါအုံး အချစ်ရယ်...ပန်းနုရောင် ပိုးဖဲ အကျီ ၤဝတ်ထားပြီး ကျော့ရှင်းတဲ့ လည်တိုင်ကို အသားပေး မြင်သာအောင် ဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးဟာ သနားစဖွယ် မျက်နှာလေးနဲ့ မင်းသားကို မေးလိုက်တယ်။အိမ်ရှေ့စံဟာ သူရဲ့ သနားစဖွယ် မျက်နှာပေးရယ် အသံ ညုတုတုရယ်ကြောင့် သူ့နှလုံးသားဟာ အရည်ပျော်ကြသွားလေရဲ့


"အချစ် စိတ်မပူပါနဲ့ကွာ ကိုယ်အဖြေတခု မကြာခင်ရှာနိုင်မှာပါ မင်းပဲကိုယ့် မဟေသီ ဖြစ်စေရမယ်။"

အမျိုးသမီးငယ်ဟာ သူမရဲ့တောက်ပ တက်ကြွတဲ့ အလှဟာ အခြားအမျိုးသမီး တွေ အားလုံးထက်သာလွန် လှပလွန်းတယ်။ သူမကို ဘယ်မိန်းမပျိုကမှ မယှဉ်သာနိုင်ဘူး။သူမမျက်နှာဟာ သေးငယ်သွယ်လျပြီး ဖြူနုနေတယ်။ သူမ နှုတ်ခမ်းများဟာ ဆို ပန်းနုရောင် နှင်းဆီဖူးပွင့်နေတဲ့အလားပဲ သူမဆံနွယ်တွေဟာဖြင့် ငှက်မွှေးလိုနူးညံ့ပြီး မှင်သားကဲ့သို့ နက်မှောင် နေလေရဲ့ သူမရဲ့ အလှ၊ သူမရဲ့ နှုတ်ဖျားက ဖိတ်ကျလာသော ချိုသာတဲ့ စကားလုံးတွေက အိမ်ရှေ့စံရဲ့ နှလုံးသားကို ခိုးယူထားလေရဲ့ သူမရဲ့ အလှအပြုစု အယုယကြားမှာ မင်းသားဟာ လျစ်လျူမရှုနိုင်လေဘူး...


"မင်းသား တကယ်ပြောတာလား ကျတော်မျိုးမကို တကယ် မဟေသီနေရာထားမှာလားဟင်..."ဖန်းဟိုင်ကျွင်း ဟာ ပြုံးပျော်နေတဲ့ မျက်နှာနဲ့ အတူ မင်းသားရဲ့ ရင်ခွင်ထဲကို သူမရဲ့ ရင်သားတွေနဲ့ ထိတွေ့ရင်း စကားဆိုလိုက်တယ်(A/N: လည်လိုက်တဲ့ဟာမ ကြည့်နေတယ် မပြောသေးဘူး)


"ဟိုင်ကျွင်းကြားဖူးတာကလေ လင်းမိန်းကလေးက သိပ်ရုပ်ဆိုးတယ်တဲ့ သူမရုပ်ဆိုးလွန်းလို့ လင်းအမတ်ကြီးက သူမကို အခန်းထဲထဲ့ပီး ပိတ်ထားတာ ဘယ်သူ့ကိုမှ မမြင်စေဘူးလို့ ကြားဖူးတာပဲ..ဟိုင်ကျွင်းဟာ မင်းသားကို မာယာတွေသုံးပြီး ရီရှင်းအပေါ် စိတ်ကုန်စေမယ့် စကားတွေ ရွေးပြီး ပြောလိုက်တယ်။"

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Место, где живут истории. Откройте их для себя