Ch1: ဘဝသစ်part2 (u+z)

6.4K 630 9
                                        

(Unicode)YiXin ဟာ မယ်တော် Siyin လက်မောင်းပေါ်မှာ အနှစ်နှစ်အလလ က မငိုပဲစုထားတဲ့ ခံစားချက်အားလုံးကို မိုးတိမ်ညိုပြိုကျ သလို ငိုပါတော့တယ်။ Siyin မယ်တော်ဟာ သူရဲ့ ချစ်လှစွာသော ရတနာလေး ဟာ တရှုံရှုံငိုကြွေးရှာတော့ အတော်လေးလန့်သွားရှာတာပေ့ါမယ်မယ်ဟာ သူမရဲ့ငိုနေတဲ့ သမီးကလေးကို အစွမ်းကုန်ချော့မော့ရှာပေမယ့် YiXin ဟာ အငိုမတိတ်ရှာဘူးလေ အဲ့နောက်တော့ မယ်မယ်ဟာ သူမကို ထွေးဖက်ထားပြီး ဝမ်းနည်းမှုအားလုံးကို ဖွင့်ထုတ်ငိုကြွေးခွင့်ပြုရင်း YiXin ရဲ့ ပိုးချည်မျှင်တွေလို နူးညံံ့ ထွေးအိနေတဲ့ ဆံနွယ်လေးတွေကို တို့ထိချော့မြူဖို့နေတော့တယ်။Lin ZuJia (ဖခမည်းတော်) နဲ့ အကို၃ယောက်သူတို့ဇနီးတွေအားလုံးလည်း YiXin ငိုကြွေးမှုကြောင့် အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြတယ်။YiXin လေးဟာ တစ်ခါမှ သူတို့တွေရှေ့မှာ ခုလို မငိုဖူးဘူးလေ ခုတော့ သူမငိုနေတာလေးက သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးလေးဟာ ကျယ်ကျယ်လောင်လောင် ငိုနေသလိုပါပဲ။ပထမတော့ သူတို့ဟာ တော်တော်လန့်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမယ်မသိဖြစ်ကုန်တယ်။ ဘာလို့ဆို သူတို့ ညီမလေးဟာ သတိရလာတာနဲ့ ငိုတော့တာကိုး။ ဒါပေမယ့် မယ်တော်က သူတို့ကို ရှင်းပြတယ်။"ဘာမှ မပူကြပါနဲ့ မယ်မယ့်အထင် သမီးလေးဟာ ဖြစ်ပျက်သွားတာတွေကို အရမ်းကြောက်ပြီး ငိုတာပါ။ သားတို့လည်း စိတ်မပူကြနဲ့တော့ ညီမလေး ငိုလိုက်ရင် စောနကကြောက်တာတွေ သက်သာသွားလိမ့်မယ်။ သားတို့လည်း ချွေးမတော်တို့ကို အဆောင်တော် ပြန်ပို့ပေးလိုက်ပါအုံး အားလုံးက စိတ်ပူပြီး ညီမလေးနားနေပေးနေကြတော့ ပင်ပန်းနေကြမှာ သမီးတို့ သွားနားကြတော့""ဟုတ်ကဲ့ပါ မယ်မယ်" သား ၃ယောက်နဲ့ သူတို့ ဇနီးသားသမီးများဟာ ခမည်းတော် နဲ့ မယ်တော်ကို လက်၂ဖက်ယှက် ဂါရဝပြုပြီး အသီးသီး ထွက်ခွါကြတော့တယ်။ဒါပေမယ့် အကိုကြီး၃ယောက်ဟာ သူတို့ညီမလေးကို စိတ်ပူလွန်းလို့ တစ်ယောက်ချင်းစီ ပြန်လာကြည့်ကြတော့ ညီမလေးဟာ မယ်မယ့်လက်ပေါ်မှာ ချစ်စရာကောင်းတဲ့ ယုန်ပေါက်လေးလို အိပ်ပျော်နေတာ မြင်ရမှာ စိတ်ချကြတော့တယ်။"စိတ်မပူကြပါနဲ့ သားတို့ညီမလေး အိပ်ပျော်သွားပြီကွယ့်""တော်သေးတာပေါ့ မယ်မယ်ရယ် ညီမလေးငိုတော့ ရင်ထဲ မချိအောင်ခံစားရတာ" အကို ၁ ကပြောတော့ အကို၂ ကလည်း"ညီမလေးသာ ပြန်သတိမရလာရင် ကျတော်တို့သေလောက်တယ် မယ်မယ်ရယ်" အကို ၃ကလည်း"အကိုတို့ရယ် စိတ်ချပါတော့ ကျတော်တို့ ညီမလေး အသက်ပြန်ရှင်လာတာ ဖူဆို(ဘုရား) က ကြည့်ရှုစောင့်ရှောက်တာပဲ"အဖြစ်မှန်ကတော့ YiXin ဟာ ဥယျာဉ်ထဲမှာ အနားယူနေရင်း ရုတ်တရက်မေ့လဲသွားတာပဲ သူမဟာ အသက်လည်းမရှူတော့ဘူး သူမခန္ဓာကိုယ်ဟာလည်း အေးစက်လာတယ်။ ခုလိုပြန်သတိရလာတာဟာ အံ့သြဖွယ်ရာ ကိစ္စရပ်တစ်ခုလို ဖြစ်နေတာ....ပထမတော့ သူတို့အားလုံးထင်လိုက်တာက သူမဟာ သူတို့ဘဝကြီးကနေ ထွက်သွားရှာပြီလို့ ....ဒါပေမယ့် အချိန်ခဏကြာတော့ YiXin ဟာ အသက်ပြန်ရှုလာပြီး တဖြေးဖြေးလှုပ်ရှားလာတယ် အဲ့ဒီအခါမှ သူတို့အားလုံး မျှော်လင့်ချက်ထားရရှာခဲ့တာ။Lin Jianyu (အကို ၁) ဟာ မယ်မယ့်အနားကပ်လာပြီး YiXin ဆံနွယ်လေးတွေကို တယုတယ သပ်ပေးရှာတယ် သူမကတော့ မသိပေမယ့်ပေါ့(A/N ဘယ်သိပါ့မလဲ ငိုချင်တိုင်းငိုပြီး မောလွန်းတော့ အိပ်ပျော်ပြီပေါ့လို့ 😊😊)မသိသာ မသိရှာတယ် သူမ က အနည်းငယ်ပြုံးလိုက်တာ အကို ၁ မြင်လိုက်တော့ သူ့ညီမလေးဟာ ကြောင်ပေါက်စလေးပမာ ပြန်တုံ့ပြန်တာကို အကျေနပ်ကြီးကျေနပ်နေတော့တာပေ့ါအဲ့အချိန်မှာ Lin Lu Feng( အကို ၂) နဲ့ Lin Ying Zhun (အကို ၃) တို့လည်း သူ့တို့ရဲ့အသည်းနှလုံး ကြောင်ပေါက်မလေး အပြုံးကိုမြင်တော့ သူတို့ မျက်နှာမှာလည်း အခုမှ ချယ်ရီပန်းတွေ ပွင့်သလို ချိုသာတဲ့ အပြုံးတွေ ဖုံးလွှမ်းလာကြတော့တယ်။ စောနကဆို အားလုံးက အသက်၁၀၀လောက် ပိုကြီးသွားသလို စိုးရိမ်မှုတွေနဲ့ အပူမိနေကြတာကိုး..."ငါ ဘာတွေများလွဲသွားပါလိမ့်" ခမည်းတော်ဟာ သားတွေနဲ့ အမေရဲ့မျက်နှာက အပြုံးကို မြင်လို့ အခန်းထဲပြန်ဝင်လာရင်းမေးလိုက်တယ်။အကိုတွေဟာ သူတို့ အဖေကို လက်ဝှေ့ယမ်းပြီး YiXin အနားလာဖို့ လက်ဟန်ခြေဟန် ပြတော့တယ်(A/N လက်ဟန်ကတော့ ဟုတ်ပါပြီ ခြေဟန်ကတော့ ဘယ်လိုပြသလဲ Author လည်းမသိ ဟီးဟီး 😊😊)ခမည်းတော်ဟာ အပြုံးတွေနဲ့ အိပ်ပျော်နေတဲ့ သမီးလေးကို တွေ့လိုက်တော့"ငါ့အထင် သမီးလေး အခု သက်သာသွားပြီထင်တယ် ဖူရန်(သခင်မ/မိန်းမ)လည်း နားသင့်ပြီ"မယ်မယ်က ခေါင်းညိမ့်ပြပြီး အဆောင်ပြန်နားဖို့ သူမလက်ကို YiXin ဆီကနေ ခွဖို့လုပ်တော့ မလွှတ်တမ်းဆွဲထားတဲ့ လက်တစ်စုံကြောင့် သူမဟာ YiXin နားနေဖို့သာ တတ်နိုင်တော့တယ်။ ခမည်းတော်ကတော့ သူ့အလုပ်တွေရှိရာကို သွားပြီး သားတွေကတော့ သူတို့ ဇနီးတွေဆီ သတင်းကောင်း ပြောပြဖို့ ပြန်ကြလေတော့သည်။~~~~~~~~~~~~~~~~~~~~~~~Author Note: မရေးတက်ရေးတက်နဲ့ ဘာသာပြန်တာတော့ နည်းနည်းခရီးပေါက်လာပြီပေါ့နော် ဒီအခန်းတွေက Chu SiYang ရှေးခေတ်ကိုဘယ်လိုရောက်လာသလဲ ရှေးခေတ်မှာ Lin YiXin ဘဝမှာ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေထိုင်ဖို့ ကြိုးစားမလဲ ဘဝဟောင်းမှာဘာတွေဖြစ်ပျက်ခဲ့လို့ ခုလို ငိုကြွေးရတာလဲဆိုတာ နောက်အခန်းတွေမှာ သိသာလာတော့မှာ ဖြစ်ပါတယ် ဟဲဟဲ မင်းသားနဲ့တွေ့မယ့်အခန်းက မကြာမီ လာမည် မျှော် ပေါ့နော်...အကြောင်းအရာတွေပြန်ရှင်းပြနေရတဲ့ အခန်းတွေမို့ ပျင်းစရာကောင်းနေလည်းဖတ်ပေးကြပါလို့ နောက်တော့ ကောင်းခန်းတွေလာမှာပါလို့ သတင်းပေးရင်းချစ်တဲ့Rachel (12-Apr-18 11:37PM)

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Where stories live. Discover now