Ch 6:part 3 အိမ်ရှေ့စံ၏ ချစ်ရသူ (part 2 အဆက်)(u+z)

5.2K 511 32
                                        

(Unicode)

ရီရှင်း ညီမလေး ပျော်ရွှင်ပါစေနော် မမတို့ နန်းတော်ထဲကို အခွင့်သင့်ရင် လာလည်ပါ့မယ်။ လုဆွေ့ချုံ ဟာမျက်ရည်တွေ မိုးသဲသလို ဖြိုင်ဖြိုင်ကျလို့ ဆိုတော့တယ်။

ဟုတ်တယ် ညီမလေးရှင်း မမချင်းရန်တို့ လာလည်မယ်နော် မမတို့ကို မမေ့ရဘူးနော်.... လုချင်းရန် ဟာလည်း ရီရှင်း လက်ကို ဆွဲကိုင်လို့ ဝမ်းနည်းတဲ့ မျက်ဝန်းတွေမှာ ပုလဲ တွေခနေလေရဲ့။(လုဆွေ့ချုံနဲ့ လုချင်းရန် တို့က အမွှာညီအစ်မတွေဖြစ်ပီး အကို၃ ရဲ့ ဇနီး ၂ယောက်ဖြစ်ပါတယ်။ သူတို့ ခုလို ခံစားချက်တွေမထိန်းနိုင်ပဲ ငိုနေကြတာကတော့ ၂ယောက်လုံးက ကိုယ်ဝန်ရှိနေလို့ပါပဲ အကို၃ စွမ်းတယ်နော် ဟက်ဟက်)

ယောင်းမတို့ မငိုကြနဲ့လေ ညီမလေးရှင်း နန်းတော်သွားမှာကို စိတ်မကောင်းဖြစ်အောင် ယောင်းမကြီး စူးလန် (အကို၁ ဇနီး)က ဝင်ပြီးဖျောင်းဖျတယ် ပီးတော့ ရီရှင်းပွေ့ဖက်ရင်း ညီမထွေးလေးရှင်း နန်းတော်ဆိုတာ ထောင်ချောက်တွေ ချောက်ကမ်းပါးတွေနဲ့ ပြည့်နေတဲ့ နေရာပဲ ငါ့ညီမ ဒီလမ်းကို ရွေးပြီးမှတော့ မမစူးလန် တခုပဲမှာမယ် အရာရာ သတိဝီရိယနဲ့ ဉာဏ်ကို လွှာသုံးတတ်ပါစေ၊ ကောင်းမွန်တဲ့ ခရီးလမ်း သာယာဖြောင့်ဖြူးတဲ့ ခရီးရှည်တစ်ခု ဖြစ်ပါစေ လို့ မမဆုတောင်းပေးနေမယ်နော်။

မယ်မယ်လည်း ရီရှင်းလေးနားရောက်လာပီး ရီရှင်းကို ဖက်ကာ ပြောတယ် သမီးလေး မယ်မယ် ဘုရားရှင်ထံမှာ အမြဲဆုတောင်းနေမယ် ငါ့သမီးလေး သာယာဖြောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို လျောက်လှမ်းနိုင်ဖို့ အတွက်ပေါ့ ခမည်းတော်ကတော့ သမီးလေးရှင်း ခမည်းတော်ပေးတဲ့ ကျောက်စိမ်းအဆောင်လေးကို ကိုယ်နဲ့ မကွာ အမြဲဆောင်ထားနော် အန္တရာယ်ကင်းစေတယ်။ ဒီအဆောင်လေးက ငါ့သမီးလေးကို ရန်အပေါင်းကနေ ကာကွယ်ပေးနိုင်ပါစေကွယ်။ နန်းတော်မှာ မိဖုရားတို့ တပ်အပ်တဲ့ အကျင့် သိက္ခာ နဲ့ ဝတ္တရားတာဝန်တွေကို ငါ့သမီးလေး ကောင်းမွန်စွာ သင်ယူနိုင်ပီး ကောင်းမွန်မျှတတဲ့ နိုင်ငံံ့မိခင်လောင်း ဖြစ်ပါစေကွယ်။

ခမည်းတော် မယ်တော်တို့ဆီက ဆုတောင်းတွေနဲ့ အမှာစကားတွေ အပီးမှာတော့ နန်းတော် အစေခံတွေဟာ ရီရှင်းလေးရဲ့ ပစ္စည်းတွေကို လှည်းပေါ်တင်ကြတော့တယ်။

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)حيث تعيش القصص. اكتشف الآن