(Zawgyi)
နောက်ဆုံးတော့ ရောက်လာခဲ့ပီ။
ဒီနေ့ အားလုံးအတွက် ငါဆုံးဖြတ်ခဲ့တဲ့ နေ့
ပျော်ရွှင်ရမလား တိတ်တဆိတ် ငိုကြွေးရမလား
ငါမသိပါဘူး ဒါပေမယ့် ငါရှေ့ဆက်လျောက်ရမယ် ဒါငါကိုယ်တိုင် ရွေးချယ်တဲ့ လမ်းမို့..."ရှီ ... "
"အမိန့်ရှိပါ အိမ်ရှေ့မိဖုရား"
"ဒီနေ့လေ ရှင်း မိဘတွေနဲ့တွေ့ရမှာလားဟင်"
"ဒီနေ့က တော်ဝင်ထိမ်းမြားခြင်း အခမ်းအနားပါ အိမ်ရှေ့မိဖုရား ဒါကြောင့်သတို့သမီး မိဘတွေ နဲ့ တွေ့ရမှာ မဟုတ်ပေမယ့် သခင်ကြီး နဲ့ သခင်လေးတို့ဟာ မင်းမှုထမ်း ဖြစ်တဲ့ အတွက်လာရောက်ဂါရဝပြုရမှာပါ နောက်ရက်မှ သတို့သမီး မိဘတွေကိုဂါရဝပြုဖို့ ပြန်ရမှာပါ အိမ်ရှေ့စံမိဖုရား"
"ဟင် ဒါဆို မယ်မယ်နဲ့လည်းမတွေ့ရဘူး ခမည်းတော် အကိုတော်တို့ကိုလည်း စကားပြောခွင့် အရဘူးပေါ့"
" ဟင့် ဟင့် ဟင့်😭😭😭"
"သခင်မလေး မငိုပါနဲ့ အလှ ပြင်ထားတာတွေ ပျက်ကုန်တော့မယ် မင်္ဂလာရှိတဲ့နေ့မှာ မငိုရဘူးလေ တိတ်နော်"
"ရှီ မင်းငါ့အနားမှာ အမြဲရှိမယ်မှတ်လား"
"အင်းပေါ့ သခင်မလေးရယ် ရှီက သခင်မလေးအနားမှာပဲ တသက်လုံး နေမှာပါ"
" ငါလေ အိမ်ကိုအရမ်းလွမ်းတယ်"
"သခင်မလေးရယ်..."မင်္ဂလာအချိန်ရောက်ရှိတော့မှာ ဖြစ်တဲ့ အတွက် အမ်ရှေ့စံမိဖုရား နန်းခန်းမဆောင် သို့ကြွချီရန် ပင့်ဆောင်ပါတယ် အရှင်မိဖုရား...
ရှီ သခင်မလေးရဲ့ မျက်နှာဖူးဖူးလေးကို တချက် ဖွဖွ ထိကိုင်လို့ အားပေးရင်း ဇာမဏီ ပဝါကို သရဖူထက်လွှမ်းခြုံ ပေးလိုက်တယ်....
နန်းရင်ပြင် မှာတော့ တူရိယာသံတွေ တီးမှုတ်လို့ ဧကရာဇ် ရှင်ဘုရင်နဲ့ မိဖုရား ကြွချီလာတာကို ကြိုဆို ဂါရဝပြုရင်း သက်တော်ရာကျော်ရှည်စေကြောင်း ခစားလျောက်ထားကြတာကို ရီရှင်းကြားနေရတယ်။
နောက်တော့ ကြင်ယာတော် လျန်ယင်း ရောက်ရှိကြောင်း ကြေညာတယ်။ သူ့ကိုမမြင်ဖူးလို့ ဂါရဝပြုတဲ့အခါ ပဝါအောက်က ချောင်းကြည့်ဖို့ ရီရှင်း ကြံစည်လိုက်သေးသား
အတွေးတွေ ကြားတလည်လည်ဖြစ်နေတုန်း နံဘေးကို သူရောက်လာတယ်။
ရှင် ရှင်ဘယ်လိုအသွင်အပြင် မျိုးများဖြစ်နေမလဲ နဂါးဝတ်စုံ အနီရဲရဲမင်္ဂလာဝတ်စုံနဲ့ ရှင့်မျက်ဝန်း နက်တွေ ကျမ မြင်လိုက်ချင်တယ် အဲ့ဒီ မျက်ဝန်းထဲမှာ ကျမကိုနှစ်လိုရဲ့လားလို့လဲ ဝင်ရောက်ရှာဖွေချင်ပါသေးရဲ့လေ။
![](https://img.wattpad.com/cover/144433999-288-k6274.jpg)
YOU ARE READING
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Historical Fiction[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...