(Unicode)
(အတိတ်ရှေးခေတ်ကာလ Yixin ခန္ဓာကိုယ်နဲ့ Chu Siyang)
ငါငိုတယ် ငါ့နှလုံးသားတစ်ခုလုံး ထွက်ကျလောက်အောင် သည်းသည်းလှိုက်လှိုက် ငိုကြွေးခဲ့တယ်။ ငါ့ရင်ထဲက နာကြင်မှု တစ်ခုမှ ကြွင်းကျန်မနေရလောက်အောင်ကို ငါငိုနေခဲ့တယ်။
"မယ်မယ်" ဟုတ်တယ် အမေဆိုတဲ့စကားလုံးကို ငါ့နှုတ်ခမ်းဖျားက တစ်ခါလေးတောင် ခေါ်ခွင့်မရခဲ့ဘူး...."နောက်ဆုံးတော့ ငါ...ငါ အမေလို့ခေါ်ခွင့်ရပြီ ဒီခေတ်ကာလဆိုတော့ မယ်မယ် လို့ခေါ်ရပေမယ့် အတူတူပဲမဟုတ်လား"ဒီနေရာမှာ ငါအရမ်းပျော်တယ်။"ခုငါ့ရှေ့မှာ ရှိနေတဲ့ ဒီအမျိုးသမီးဟာ ၂၁ရာစုက ငါ့မွေးမိခင်လို့ပဲ ထင်မှတ်မိတော့တယ်"ငါဘာကြောင့် ဒီနေရာကို ရောက်လာလည်း မသိတော့ဘူး။ ဒါပေမယ့် ဒီခန္ဓာကိုယ်က မှတ်ဉာဏ်တွေကို ကံကောင်းထောက်မစွာနဲ့ ငါမှတ်မိနေတာပဲ။သူမYixinဟာဘယ်သူနဲ့ အတူကစားတယ်။ ဘယ်သူတွေကို ချစ်တယ် ဘယ်လိုအရာတွေကို နှစ်သက်တယ်ဆိုတာရောပေါ့။
နောက်တစ်ခုက သူမ Yixin နဲ့ ငါ Chu Siyang (၂၁ရာစုကလူ) ကအကျင့်စရိုက်တွေ တူနေတာ ဘယ်ဆိုးလို့လဲ တစ်စုံတစ်ယောက်ကို စိတ်ဆိုးရင် ရက်သတ္တပတ် အနည်းငယ်ကြာအောင် ဒါမှမဟုတ် ၁လလောက် အဲ့လူနဲ့ စကားမပြောပဲ နေတတ်တယ်။ ပြီးတော့ ဒီရှေးခေတ်ကာလမှာရော ပစ္စုပ္ပန်ကာလမှာပါ ၂ယောက်လုံးက စည်းကမ်းတကျ ဆိုဆုံးမမှုအောက်မှာ ကြီးပြင်းလာကြတာရယ်။ ဆေးပညာ၊ အပင်တွေ၊ ချက်ပြုတ်တာနဲ့ တူရိယာ တီးခတ်တတ်တာတွေ အားလုံးဟာ တူညီနေတာပဲ။
Chu Siyang သေချာစဉ်းစားတယ် ဒီဘက်ရှေးခေတ်ကိုရောက်နေမှတော့ ဒီကလူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေမှဖြစ်မယ်။ နေပါအုံး ငါက ဒီဘက်ခေတ်မှာ အသက်ဘယ်နှနှစ်ပါလိမ့်...."၁၅ နှစ် ဘုရားရေ!!! ငါ ၆နှစ်လောက်ငယ်သွားတာပါ့လား Yayy ပျော်လိုက်တာ ငယ်အောင် ဆေးတွေသောက်ခွဲစိတ် ပြုပြင်စရာကို မလိုတော့တာ ဟဟ"
(A/N ဒီနေရာကနေစပြီး Chu Siyang လို့ မရေးတော့ပါဘူး Yixin အဖြစ်ပဲရေးတော့မှာပါနော် ဒီဘက်ရှေးခေတ်မှာ လိုက်လျောညီထွေ ဖြစ်အောင်နေမယ်လို့ Chu Siyang ကဆုံးဖြတ်လိုက်တာပါ ၂၁ရာစုမှာ သူအတွက် ခင်တွယ်စရာလည်း မရှိတော့ပါဘူး မုန်းလောက်အောင် နာကျင်လွန်းလို့ ပစ္စုပ္ပန်ကာလကို ပြန်မရောက်ချင်ဘူး ထင်ပါတယ်။ ဒီဘက်ခေတ်မှာက သူYixin ကို ချစ်တဲ့ မိသားစုတွေ ရှိတာကိုး ဘာကြောင့်ဒီရှေးခေတ်ကို ရောက်လာတယ်ဆိုတာလည်း တွေးမနေတော့ပါဘူး)
ВЫ ЧИТАЕТЕ
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Исторические романы[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...
