Ch 7: Part 2 နန်းမဆောင်သို့ ခေါ်တော်မူခြင်း(u+z)

3.6K 396 9
                                        

(Unicode)

အချိန်တွေဟာ ကြာလွန်းတယ် ထင်ပေမယ့် ၂ရက်သာရှိသေးတယ် ဒီ၂ရက်ဟာ ၂နှစ်လောက်ကြာရှည်လွန်းတယ် လို့ ရီရှင်း တွေးလေမိနေရဲ့...

ဒီ၂ရက်အတွင်း သူမအလုပ်က အဝတ်လှလှလေးတွေ ချုပ်ဖို့ အပ်ချုပ်ဆောင်တော်က အပျိုတော်တွေ ယူလာတဲ့ ပိတ်ထည် ပိုးထည် လှလှတွေ ထိတွေ့ရွေးချယ်ဖို့ရယ် နန်းတွင်း အနောက်ဆောင် စည်းမျည်းတွေ သင်ကြားဖို့ရယ်ပေ့ါ အားတဲ့ အချိန်လေးမှာတော့ ရှင်းဟာ ဥယျာဉ်တော် တွင်းက လကန်သာ မှာထိုင်မယ် ကြာပန်း လက်ဖက်ရည် သောက်သုံးလို့ ပန်းထိုးစာအုပ်ဖတ်နဲ့သာ အချိန်ကုန်ဆုံးနေရတယ်။

ညဖက်တွေ မိဘတွေအကိုတွေကိုလွမ်းလွန်းလို့ ငိုရတဲ့ ညတွေက သူမအတွက် ရှည်ကြာလွန်းလှတယ်။

မင်းသားဆိုသည်မှာလည်း လူမပြောနဲ့ အရိပ်တောင် မမြင်တာမို့ ပိုပြီးအားငယ်လှတယ်။၃ရက်မြောက်နေ့ လသာကန်မှာ ထိုင်နေတုန်းမိဖုရားလင်း မိဖုရားလင်း ...အမောတကောနဲ့ ရှီ တယောက် အပြေးလာနေတာ ခလုတ်တိုက်ပြီးလဲမှာ ပူပန်မိတာပဲ။

ရှီ နန်းတွင်းသူ ဆိုတာ အနေအထိုင် အပြောအဆို ယဉ်ကျေးရတယ်လေ ဘာလို့ အဲ့လိုပြေးလာတာလဲ အကြီးအကဲတွေသာ တွေ့လို့ကတော့ မင်းတော့ အပြစ်ပေးခံရတော့မှာပဲ ရော့ ရော့ ရေလေးသောက် အမောပြေမှ ပြော

အယ် မိဖုရားလင်း အရေးကြီးတယ် ရေလည်း မသောက်ပါရစေနဲ့ အမောလည်း မဖြေပါရစေနဲ့ မြန်မြန်သာ နန်းမဆောင်ကို ကြွတော်မူပါ။

ဟင် နန်းမဆောင် ဘာဖြစ်လို့ ရှင်းကသွားရမှာလဲ ပြီးတော့ရှင်းကို မိဖုရားလင်းလို့ မခေါ်ပါနဲ့ဆို အဲ့လိုခေါ်တာကြီးက ကြောက်စရာကြီး

အမ် မိဖုရားLinရယ် ရီရှင်း သခင်မလေးက အိမ်ရှေ့စံမိဖုရားလေ အဲ့တော့ အဲ့လိုခေါ်မှပေါ့ ကျွန်တော်မျိုးမ ကို ခေါင်းပြတ်အောင် တော့ မကြံဆောင်ပါနဲ့ မိဖုရားLinရယ်။ ရှီက ပိုကြောက်ရပါတယ်။

ရော ရှီရယ် ခက်ပြီ ငါက ၂၁ရာစုက လာတာပါဆိုနေ အဲ့လိုကြီးခေါ်တော့ ငါ့မှာ နားထဲ ကလောပြီး ဆန့်ငင်ငင်နဲ့ ဟိုဘက်ခေတ်မှာ မိဖုရားမှ မရှိတာ...

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Место, где живут истории. Откройте их для себя