(Unicode)
ရီရှင်း အတိတ်ခေတ်ဆီ ရောက်နေတာ ဘာလိုလိုနဲ့ ၂လလောက်ရှိသွားပီ။
ဒီ၂လအတွင်း ရီရှင်းဟာ အချစ်တွေ၊ ဂရုစိုက်မှု၊ ကြင်နာမှု တွေကို မိဘထံမှ ရသလို အကိုတွေ ယောင်းမတွေ ရဲ့ ချစ်ခင်မှု ပျော်ရွှင်မှု ကြည်နူးမှုတွေကိုလည်း အပြည့်အဝ ခံစားရတယ်။
အကိုတွေ နဲ့ ကလေးတစ်ယောက်လိုချွဲနွဲ့ တူတူမတွေနဲ့ ကစားနေရတဲ့ အချိန်တွေဟာ သူမတစ်ခါလေးတောင်မှ မရဘူးတဲ့ ပျော်ရွှင်တဲ့ မိသားစု ဘဝကို ရရှိခံစားရသလိုပါပဲ တခါတရံ အဘိုးနဲ့ အဖွားကို သတိရတမ်းတမိယုံကလွဲလို့ပေ့ါ။
ရီရှင်းဟာ ခုဆို ရှေးခေတ်က ဟင်းချက်နည်းတွေလည်း အကုန်တတ်မြောက်နေပီ(အင်း အခုခေတ်နဲ့ မတူဘူးလေ ချက်ပုံချက်နည်းက recepice တွေလည်း တူမမတူတာ)
ဒီ၂လအတွင်းမှာ သူမဟာ အတော်လေး ကျန်းမာလာနေပီ ပင်ပန်းတဲ့ အလုပ်တွေတောင် လုပ်လာနိုင်ပီ ပီးတော့ နေရောင်ထဲလည်း စိတ်ကြိုက် ထွက်ကစားလို့ရနေပီလေ။ ဘာလို့ဆို ၂၁ရာစုမှာ သူမတတ်မြောက်ခဲ့တဲ့ ဆေးပညာနဲ့ ပေါင်းစပ်ပြီး သူမခန္ဓာကိုယ်ကို သူမကိုယ်တိုင်ကုသနိုင်လို့ပေါ့။ ဒါတွေကို တခြားသူတွေတော့ ဘယ်သိကြမလဲ။
ခမည်းတော်နဲ့ မယ်တော်ကတော့ အရမ်းပျော်နေကြတယ် သူတို့သမီးလေး တနေ့ထက်တနေ့ ပိုကျန်းမာလာလို့ပေါ့။ (အင်း သူတို့ သမီးရဲ့ ခန္ဓာကိုယ်နဲ့ အသက်ဆက်ရှင်မှတော့ စီရန် အနေနဲ့ ဒီလောက်တော့ ကျေးဇူးဆပ်သင့်တယ် လေ ဒါမှလည်း ဒီဘက်ခေတ်မှာ စိတ်ရှိတိုင်း သွားလာလှုပ်ရှားနိုင်မှာပေါ့ စီရန် တစ်ယောက် တွေးတွေးဆဆ တစ်ကိုယ်တည်း ပြောနေမိတယ်။)
.........................................သခင်မလေး သခင်ကြီးက အရေးကြီးကိစ္စရှိလို့ ခန်းမဆောင်ကို အမြန်လာခဲ့ဖို့ပြောပါတယ်။ဟင် ဘာတွေများဖြစ်လို့ပါလိမ့်။ ရီရှင်းတွေးရင်း ဖခင်ခေါ်ရာ အမြန်ဆုံး ထွက်လာခဲ့တော့တယ်။ကဲ မိသားစုဝင်အားလုံးစုံနေပီး ဖခင်ရဲ့ စကားကိုစောင့်ဆိုင်းနေကြတယ်။ ဒါပေမယ့် ခမည်းတော်ဟာ အသံတိတ်စွာ ထိုင်သာနေတယ်။
ခမည်းတော်မှာ ဘာများစိတ်ညစ်စရာ ရှိပါသလဲ။ ချွေးမတော်တို့ကို ကူညီနိုင်သလောက် ခမည်းတော်ဝန်တွေ လျော့နည်းစေရပါမယ်။ စိတ်ညစ်စရာတွေကြောင့် ကျန်းမာရေးထိခိုက်မှာ စိုးရိမ်မိပါတယ် ခမည်းတော်။ ထက်မြက်သွက်လက်တဲ့ ဒုတိယချွေးမ ဝေ့ရန် ကစတင်ပီးတိတ်ဆိတ်နေတဲ့ မိသားစုအစည်းအဝေးကို စတင်လိုက်ပါတော့တယ်။
ВЫ ЧИТАЕТЕ
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Исторические романы[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...
