Ch 6:part 1 ငြင်းပယ်ခြင်း(u+z)

5.3K 620 45
                                        

(Unicode)

ဘယ်လို ဖခမည်းတော်...Lin မိသားစုက သမီးငယ်နဲ့ လက်ဆက်ရမယ် ဟုတ်လား... မဖြစ်နိုင်တာ

အနီရောင် ဝတ်ရုံပေါ်မှာ ရွှေရောင်နဂါးတစ်ကောင် ပျံတက်နေဟန်ထိုးထားတဲ့ နန်းတွင်းဝတ်ရုံကိုဝတ်ဆင်ထားတဲ့ ငယ်ရွယ်လှတဲ့ မင်းပျိုမင်းလွင် တစ်ပါးဟာ အော်ဟစ်ရင်း ပြောဆိုလိုက်တယ်။(A/N အချေစိန် ပေါ်လာပီ ငှဲငှဲ)

သူဟာ စိတ်ဆိုးဒေါသထွက်ပီး မြင့်မြတ်လှတဲ့ ပြည့်ရှင်မင်းကို အော်ဟစ်သောင်းကျန်းနေလေရဲ့...

ရွှေရောင်ပုလင်ပေါ်မှာ ထိုင်နေတဲ့ တစ်တိုင်းပြည်လုံးဖိန့်ဖိန့်တုန်အောင် ကြောက်ရပါသော မင်းကြီးကတော့ သက်ပြင်းရှည်ကြီးချ ဇတ်လေးပုလို့ သူ့ထက် သြဇာကြီးမြတ်သူ အိမ်ကြီးရှင်သခင်မကို စောင်းငဲ့ကြည့်ရင်း....ကဲသခင်မ ခင်များလေးသား ခင်များသာ ပြောတော့ ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ (အင်းဆို မိသားစုမှာဆို မိန်းမကရာထူးပိုကြီးတယ် ဟဲဟဲ ပိုချစ်တဲ့ ယောကျ်ားတိုင်းက အရေးတယူကိုရှိကြတာ အိုဘာတဲ့ မိန်းမရိုသေ အသက်ရှည်တဲ့ ဟီး... မင်းကြီးက ချစ်လွန်းပါ တကယ်တော့ မနိုင်လို့ သူ့သားကို အဲ့တော့ လူမိုက်ငှားတာ )

မိဖုရားကြီးကတော့...ဟုတ်တယ် မင်း လင်းရီရှင်း ကိုယူရမယ် သူမဟာ မင်းဧကရာဇ်ဖြစ်လာရင် ဧကရီဖြစ်လာမယ့် တစ်ပါးတည်းသောသူပဲ လင်းကျီ။ မယ်တော်ဟာ အသံသြဇာ အပြည့်နဲ့ပြောလိုက်တယ်။

မင်းကြီးကလည်း ဒါမှ အားကိုးရတဲ့ ငါ့မိန်းမဆိုတဲ့ ပုံနဲ့ လင်းကျီကို မင်းဘာတတ်နိုင်သေးလဲဆိုပြီး မျက်ခုံးပင့်ပြီး အောင်နိုင်သူအပြုံးပြုံးလိုက်တယ်။

လင်းကျီက လည်း ခမည်းတော်ကိုများ စစ်ကူရလေမလားဆိုပြီး ဒါပေမယ့် သားတော်မှ သူမနဲ့မှ လက်မထပ်ချင်တာ နောက်ပြီး သားတော် ချစ်ရတဲ့သူနဲ့ပဲ လက်ထပ်ချင်တယ် ဖခမည်းတော်။ သားတော်မှာ ချစ်ရတဲ့သူရှိတယ်။

လင်းကျီရဲ့စကားကို ကြားလိုက်တာနဲ့ ဧကရာဇ်ခမျာ သောက်လက်စ လက်ဖက်ရည်ကြမ်းတွေ ဖွီးခနဲ ထွက်ကျလာတယ်။ နန်းဆောင်ထဲက ကုန်းကုန်းတွေ နန်းတွင်းသူတွေဆို ခြေတစ်လှန်းလှန်းဖို့ မပြောနဲ့ အသက်လေးတောင် မရှုရဲသလောက်ပဲ။ ဧကရာဇ် ရာဇအိန္ဒြေ ပျက်ရတဲ့ အပြင် ဒေါသက ငယ်ထိပ်ရောက်လောက်ပီလေ အခြေအနေ မကောင်းရင် သူတို့ အသက်ပါ ပြသနာတက်သွားနိုင်တယ်။

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Where stories live. Discover now