(Unicode)
ရီရှင်းနဲ့ ရှောင်ရန် ၂ယောက် မီးဖိုဆောင်ကို သွားနေချိန်မှာတော့ အကို၃ တစ်ယောက် ရီရှင်းရဲ့ အခန်းဆောင်ကိုရောက်လာတယ်။ အခန်းထဲမှာ မရှိတော့ ရေချိုးနေတယ်မှတ်ပြီး စောင့်နေရှာတာပေါ့။
မိနစ်အနည်းငယ်ကြာလို့မှ ရေချိုးသံလည်းမကြားရတော့...
"ရီရှင်းရေ ရီရှင်း ညီမလေး... ရေချိုးခန်းထဲမှာလား ညီမလေးရေ"
အကို၃ဟာ တုံ့ပြန်သံတစ်စုံတစ်ရာတောင် မကြားရတဲ့အတွက် အရမ်းစိုးရိမ်ပြီး ရေချိုးခန်းတံခါးကိုဖြေးဖြေးတွန်းပြီး အထဲကိုအသာ ကြည့်လိုက်တယ် အထဲမှာ ဘယ်သူမှရှိမနေတော့ အကို၃ရဲ့ စိတ်ပူမှုဟာ ၁၀၀ဒီဂရီထက် ကျော်လွန်သွားတော့တာပဲ ဒီလိုနဲ့ ခြံဝင်းထဲထွက်ပြီး သူ့ညီမကို တကျော်ကျော် ခေါ်ပြီး ရှာတော့တယ်။
"ဟေး မင်းတို့တွေ သခင်မလေးကို တွေ့မိသေးလား"
ဝင်းထဲက အစောင့်တွေ အစေခံတွေ တွေ့သမျှကို လိုက်မေးတော့တာ အစောင့်တွေဟာ သူတို့ရဲ့ သခင်လေး၃ အမူအရာ ဟာ စိုးရိမ်ကြီးစွာနဲ့ ရူးတော့မလောက်ဖြစ်နေတော့ အမြန်ပြန်ဖြေတာ စကားတွေတောင်ထစ်လို့
"ဟုတ် ဟုတ် ..ဟုတ်ကဲ့ သခင်လေး ၃ တွေ့ပါတယ်"
"ဘယ်မှာတွေ့တာလဲ ညီမလေးကို"
"ဟို ဟို ဟိုလေ အဲ ဘယ်နေရာပါလိမ့်"
"ကဲ မင်းတော့ကွာ အရေးထဲ ထစ်နေရလား ငါ တယ် လုပ်ထဲ့လိုက်ရ"(T/N သခင်လေး၃ ရယ် စိတ်နည်းနည်းလျော့ပါ အဲ့လောက်ဟောက်နေရင် အစောင့်ခမျာမှာ ကြောက်နေရှာမှာပေါ့ ဟီးရေးနေရင်း အဲ့လိုအကို၁ယောက်လောက်လိုချင်မိ Rachel မှာ အကိုမရှိတော့လေ အကိုတော်ချင်တယ်ဗျို့)
"မီး .. မီးဖိုဆောင်ဘက်သွားတာတွေ့လိုက်ပါတယ် သခင်လေး၃"
"အမလေးဟဲ့ ဒါပြောဖို့ ကိုများသွားသွား လုပ်စရာရှိတာလုပ် နောက်ငါမေးရင် သွက်သွက်လက်လက်ဖြေ မင်းနာမည် ဟန် မဟုတ်လား"
"ဟုတ်ပါတယ် သခင်လေး၃ ကျတော်နာ့မည် ဟန်ပါ"
"အေးအေး ကျေးဇူးပဲကွာ" ဆိုပြီး အပြုံးနဲ့ခေါင်းညိတ်ပြကာ မီးဖိုဆောင်ဘက် ထွက်ခွာသွားတော့တယ်။ သခင်လေး၃ဟာ အိမ်တော်မှာရှိတဲ့ လူတိုင်းကိုမှတ်မိတဲ့ အပြင် လူတစ်ယောက်ကို တစ်ခါတွေ့တာနဲ့ မှတ်မိနိုင်စွမ်းရှိတယ်။ သခင်လေး၃ရဲ့ထူးခြားချက်က အရာအားလုံးကို တစ်ခါဖတ်ရုံ တွေ့ရုံ ကြည့်ရုံနဲ့ မှတ်မိနိုင်စွမ်းရှိတာ ပြီးတော့ လူတိုင်းကို ကြင်နာတတ်တယ်။ တခါတရံ သူ့လက်အောက်ငယ်သားတွေကို ကောင်းစေတော်စေချင်လို့ ဆူတတ်ပေမယ့် သူ့အပေါ်သေးသေးလေးကအစ ကူညီပေးသူကို လက်အောက်ငယ်သား ဖြစ်ပါစေ ကျေးဇူးတင်ဖို့ မမေ့တတ်သူပေါ့
ВЫ ЧИТАЕТЕ
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Исторические романы[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...
