Ch2: Chu Siyang ရဲ့ဘဝပုံပြင်part2 (u+z)

5.6K 485 37
                                        

(Unicode)

Chu Siyang အသက် ၂၁ နှစ် ပြည့်ချိန်မှာတော့ သူမဟာ ယဉ်ကျေးပြီး ကောင်းမွန်တဲ့ အကျင့်စရိုက် ဖြောင့်မတ်မှန်ကန်တဲ့ အမျိုးသမီးကောင်းလေး ဖြစ်လာတဲ့အပြင် ရိုးရာတူရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်တဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေး ဆရာဝန် တစ်ယောက် ဖြစ်လာပါတော့တယ်။

ဆေးပညာမှာ တော်တဲ့အပြင် လူတိုင်းအပေါ်စေတနာထားပြီး ချိုသာတဲ့ Siyang လေးကို လူတိုင်းက ချစ်ခင်ကြတယ်။


Siyang ဘဝအလှည့် အပြောင်းတွေ စတင်တာကတော့ သူမ ရှန်ဟိုင်းမှာ ဆေးပညာဆိုင်ရာ ဆွေးနွေးပွဲ တက်နေတုန်း သူမရဲ့အားကိုးရာ ချစ်လှစွာသော ဖိုးဖိုး ဆုံးသွားတဲ့ သတင်းပါပဲ။ဖိုးဖိုးကို ကောင်းမွန်စွာ တမလွန်လိုက်ပို့ပြီးတဲ့နောက်မှာတော့ မိသားစုရှေ့နေကြီးထံမှ သူမကို ဖိုးဖိုးက သူပိုင်ဆိုင်တဲ့ စက်ရုံတွေ ကုမ္ပဏီတွေနဲ့ ရှေးဟောင်းအမွေအနှစ် ရိုးရာစံအိမ်ကြီးနှင့် တကွ ပိုင်ဆိုင်သမျှ စည်းစိမ်အားလုံးကို သူမကိုလွဲခဲ့တာပါ။


(A/N ဒီနေရာမှာ အရင် Siyang အမေကိုပေးထားတဲ့ အမွေအပြင် အခြားကျန်ရှိနေတဲ့ ပိုင်ဆိုင်မှုအားလုံးကို လွဲပေးခဲ့တာပါ။ ဖိုးဖိုးရယ် မြေးမလေးကို ချစ်လွန်းသနားလွန်းလို့ အမွေအကုန်လွဲ နောက်တော့ လုပ်ကြံ ခံရရော anyhow အဲ့ဒါကြောင့်ပဲ ရှေးခေတ်ရောက်ပြီး ဧကရာဇ် ကိုကို နဲ့တွေ့ ဒချိဒချိတွေဖြစ် ဟီး အဖိုးကိုကျေးဇူးတင်ရမယ်လေ )


Siyang အဖွားကတော့ ခုလိုအမွေတွေလွဲခဲ့တာကို ဝမ်းသာပေမယ့် သူမအဖေ၊ မိထွေး နဲ့ အကိုအမတွေကတော့ ဒေါသတွေထွက်ပြီး မနာလိုတွေဖြစ်ကုန်ကြတယ်။နှစ်အနည်းငယ်ကြာတော့ ဖွားဖွားဟာလည်း တဖြေးဖြေး အားနည်းလာပြီး သူမချစ်ရတဲ့ ဖိုးဖိုးနောက်ကို လိုက်သွားတော့တယ်။ (တမလွန်ကိုပြောတာပါ)


Siyang ဟာ ဖိုးဖိုးအမွေပေးခဲ့တဲ့ တိုင်းရင်းဆေးပညာဖွင့်ဖြိုးတိုးတက်ဖို့ အတွက် အမြဲကြိုးစားနေတာကြောင့် သူမဖွားဖွား ဆုံးချိန်မှာလည်း အနားမှာ မရှိရှာဘူး နောက်ဆုံးထွက်သက်ကို မမှီလိုက်တဲ့ သူမဟာ Germany ကနေ အမြန်ဆုံးပြန်လာခဲ့တယ်။

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Место, где живут истории. Откройте их для себя