Ch13:Part 2 တေးသွားတစ်ပုဒ် (u+z)

2K 132 18
                                        


(Unicode)

လပြည့်ဝန်းရဲ့ အောက်မှ ရွှန်းလဲ့တဲ့ မျက်ဝန်းတစုံ ညင်သာတဲ့ နူးညံမှု ခန့်ညားတဲ့ အပြုံးတွေနဲ့ အိမ်ရှေ့စံဟာ ရီရှင်းကို ကြင်နာမှု အပြည့်နဲ့ ဝေါယာဉ် ဆီ ပို့ဆောင်ပေးချိန်မှာတော့...

စူးရှပြီး ခက်ထန်တဲ့ မျက်လုံးတစ်စုံရယ် တင်းမာတဲ့ နှုတ်ခမ်း တစ်စုံဖြင့် အညှိုးဖွဲ့ နေတဲ့ ဟွိုင်ကျွင်း ဆိုတဲ့ မိန်းကလေး တစ်ယောက်ကတော့ တိုင်လုံးနီတွေ ကြားမှာ မုန်းမီးတောက်တွေ ဖွဲ့နေလေရဲ့...

အိမ်ရှေ့စံနဲ့ မိဖုရားနန်းတော် ပြန်လည် ကြွမြန်းတဲ့အခါ နန်းတော်တွင်းမှာတော့ ပွဲခမ်း သဘင် ကျင်းပလျက်ရှိနေပါတယ်။

နန်းတွင်းသူအပျိုချောတွေရဲ့ အကအလှ၊ တီးခတ်ဖျော်ဖြေမှုတွေဟာ ငြိမ့်ညောင်းလို့ အတီးအမှုတ် ကခုန်မှုတွေက ရီရှင်းအတွက် အထူးအဆန်း တွေ ကို ဖြစ်နေတာပါ။ ရီရှင်းအနေနဲ့ အမတ်ကြီး သမီးတော် ဆို သော်လည်း အထူး တလည် ပွဲတော်တွေမှာ ပါဝင်ဆင်နွှဲခွင့် မရှိခဲ့ဘူး အသက်အရွယ်ငယ်ရွယ်တာရယ် သူမဖခင်က သမီးထွေးလေးမို့ အစိုးရိမ်ကြီးစွာ အိမ်တော်မှာပဲ ထားခဲ့တာကြောင့် သူမအနေနဲ့ နန်းတွင်းပွဲတော်တွေကို မကြည့်ဖူး ခဲ့ဘူး။ ဒါပေမယ့် သူမ ဖခင်နဲ့ မိခင်၊ အကိုတော် ယောင်းမတော်တွေဟာ သူမကို နန်းတွင်းပွဲတော် အခမ်း အနား ယဉ်ကျေးမှု အပြင် အဆို၊ အက၊ အတီး၊ အမှုတ် အပြင် ပန်းထိုး၊ ပန်းချီဆွဲ၊ ကျားထိုး၊ စစ်တုရင် အပြင် အခြားတပ်အပ်တဲ့ အရာတွေကို သင်ကြားပေးထားတဲ့အတွက် ဒီအရာတွေနဲ့ အရမ်းတော့ စိမ်းသက်မနေဘူး လေ။

ရီရှင်းဟာ ရှေ့က နတ်သမီး ချန်အဲ့ ကကွက်ကို စိတ်ဝင်တစားကြည့်ရင်း စားပွဲတော်က မုန့်ချိုတွေကို တခုပြီး တခု စားနေမိတယ်။ ဒါပေမယ့် သူမ ကိုယ်တိုင်ယူစားစရာမလိုပဲ သူမကိုခွံကျွေးနေတာကို ကကွက်ပြီးမှ သတိထားမိတယ်။

"အိမ်ရှေ့စံ ခွင့်လွှတ်တော်မူပါ ရှင်း..ရှင်း မသိလိုက်ပဲ မင်းသားကို ခွံကျွေးခိုင်း မိသလို.."

"ထိုက်ဇီဖေး(အိမ်ရှေ့စံမိဖုရား) ဘာလို့များ ခွင့်လွှတ်ဖို့တောင်းပန်နေရသလဲကွယ် ကိုယ်တော်ဟာ မင်း ရဲ့ ခင်ပွန်း မို့ ဒီလိုတော့ လုပ်ပေးသင့်တာပဲလေ"

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Место, где живут истории. Откройте их для себя