Ch3: မိသားစုရဲ့ချစ်မေတ္တာ part 2 (U+Z)

5.1K 583 17
                                        

(Unicode)

"မဟုတ်ဘူး မဟုတ်ဘူး ၂ယောက်လုံးမှားတယ် ညီမလေးက အကိုလတ်နဲ့ အတူ စာတွေဖတ်မှာ" တည်ငြိမ်တဲ့ အသံ ကြည်ရွှင်တဲ့ အပြုံးနဲ့ အတူ အကို၂က ဝင်ပြောတော့ ၃ယောက်သား အရွယ်ရောက်တဲ့ စစ်သူကြီးတွေသာ ဖြစ်ကြတယ် သူတို့ ညီမလေးနဲ့သာဆို ကလေးတွေလိုပြန်ဖြစ်ပြီး ဟုတ်တယ် မဟုတ်ဘူးငြင်းရင်း ရန်တွေဖြစ်ကုန်ကြရော...

အဲ့ဒီအချိန် Yixin တွေးမိလိုက်တာကတော့ သူမ အကိုတွေဟာ တည်ငြိမ်ချောမောကြသလို ချစ်စရာကောင်းတယ် ဆိုတာပါပဲ ပြီးတော့ ၂၁ရာစုမှာကျန်ခဲ့တဲ့ အကိုနဲ့ အမလို မဟုတ်ပဲ သူမကိုသိပ်ချစ်ကြတယ်။ ခုတော့ Yixin ဘဝဟာ သူမကို သိပ်ချစ်တဲ့အဖေနဲ့ အမေရယ် အကိုကြီးတွေ ယောင်းမတွေ တူ၊တူမလေးတွေနဲ့ သိပ်ပျော်စရာကောင်းမယ်ဆိုတာ သူမ သိလိုက်ပါတော့တယ်။


"ကဲ ညီအကို ၃ ယောက် ရန်ဖြစ်နေကြတာ တော်လိုက်တော့ နားကို ညီးနေတာပဲ ကြက်တူရွေးသိုက် ကျားဝင်ကိုက်သလိုပါပဲလား"


"ဟုတ်ပ မယ်မယ်ရယ် မယ်မယ်ပြောတာမှန်တယ် ရှင်တို့၃ယောက် ငြင်းခုံနေတာ ရပ်သင့်ပြီ ထမင်းဟင်းတွေ အေးကုန်တော့မယ် တကယ်ပဲ" အကို၁ရဲ့ ချစ်ဇနီးဟာ ဝင်ပြောပါတော့တယ်


"ရှင်တို့တွေက ကလေးတွေလား ညီမလေးကရှင်တို့နဲ့ ကစားဖို့ထက် အနားယူဖို့ လိုနေတာ ဘယ်လိုညီအကိုတွေမှန်းကို မသိဘူး" Saosaoဆောင်ဆောင် (ယောင်းမ) ဟာ Yixin လေးကို သူ့ညီမအရင်းလေးလို ချစ်ရှာပြန်ရော Yixin အတွက်တော့ ရှေးခေတ်ကို ရောက်လာတာဟာ နတ်ရေတွင်းထဲ ကျသလိုပါပဲ။


ဆောင်ဆောင် ဟာ ပန်းနုရောင် ရိုးရာဝတ်စုံ နဲ့ ရွှေအိုရောင် ပန်းပွင့် ပုံ အဆင်တန်ဆာကို ဆင်မြန်းထားတယ် ပတ္တမြားလည်ဆွဲကြောင့် သူမပါးမို့မို့ဟာ ပန်းနီရောင်သန်းလို့ ယဉ်စစ ရှုချင်စဖွယ် အဆင်းနဲ့ပြည့်စုံတယ်။


Yixin သူမကို စေ့စေ့စပ်စပ် ကြည့်မိတာနဲ့ တပြိုင်နက် သူမမှတ်ဉာဏ်ထဲက နေ ဆောင်ဆောင်ရဲ့ နာမည်က Kaung Xiulan အကို၁ရဲ့ ချစ်ဇနီး ပြီးတော့ အကို ၁တို့မှာ သားလေး ၁ယောက်နဲ့ သမီးလေး ၁ယောက် ရှိတာ သူမ မှတ်မိတယ်။ သားလေးက ၆နှစ်ရှိပြီ Xiao Yan တဲ့ သမီးလေးက ၄နှစ်ပဲရှိသေးတာ Ning Xi အချောလေးပေါ့

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Donde viven las historias. Descúbrelo ahora