(Unicode)အမှောင်ထုက နေရာတိုင်းမှာ ကြီးစိုးနေတယ် အလင်းရောင်ဆိုတာ ကြက်မတစ်ဝပ်စာတောင် မကျန်ရှိလောက်အောင် ပိတ်ပိတ်ဖုန်းနေလေရဲ့... တစ်စုံတစ်ယောက်ကို အကူအညီတောင်းနိုင်ဖို့ ငါအသံထွက်ပြီး ခေါ်ကြည့်တယ်... ဟင့်အင်း ငါခေါ်လို့မရဘူး အသံလေးတစ်စိုးတစ်စိတောင် ငါ့လည်ချောင်းထဲကထွက်မလာခဲ့ဘူးဒါပေမယ့် ငါ့ဘေးကအသံတွေ ငါကြားနေရတယ် ငါကြိုးစားတယ် ထပ်ကြိုးစားတယ် အသံထွက်ပြီး အကူအညီတောင်းကြည့်မလို့ ဘယ်လိုပင် ကြိုးစားကြိုးစား လုံးဝအသံထွက်မလာခဲ့ဘူး....အမျိုးသမီးကြီးတစ်ယောက်ရဲ့ငိုသံကို ကြားနေရတယ်.. ငါလေ ကြိုးစားပြီး အဲ့အသံရှိတဲ့နေရာကို ထသွားကြည့်ဖို့ ကြိုးစားမိပြန်တယ် မရဘူး နောက်ဆုံးတော့ ငါလက်လျော့ပြီးအဲ့အသံတွေကို နားထောင်နေဖို့ ဆုံးဖြတ်လိုက်တော့တယ်အဲ့အမျိုးသမီးကြီးဟာ ငိုရင်းနဲ့ ပြောနေတယ်... "ဆရာ ကယ်ပေးပါ ဆရာရယ် ကျမမှာဒီသမီးလေး တစ်ယောက်ပဲ ရှိတာပါ ဆရာသာ သမီးလေး သတိရလာအောင်ကုပေးနိုင်ရင် ကျမ ဆရာကို အဖိုးထိုက်တန်စွာ ကန်တော့ပါ့မယ် ကယ်ပေးပါနော် ဆရာ 😢😢"အဲ့ဒီနောက်တော့ အမျိုးသမီးကြီးဟာ အသည်းလှိုက်ဖို့ကာ ငိုကြွေးပါတော့တယ်... ငိုသံကို ကျော်လွန်ပြီး အလွန်တရာ စိတ်ထိခိုက်ကြေကွဲနေတဲ့ အသံနဲ့ အမျိုးသားကြီးတစ်ယောက်ကလည်း"ဟုတ်ပါတယ် သမားတော်ကြီးရယ် ကျတော်တို့ရဲ့ သမီးအလိမ္မာလေးကို ကယ်တင်ပေးပါ"အဲ့ဒီအမျိုးသားကြီး ပြောအပြီးမှာတော့ လူ၃ယောက်ရဲ့အသံကို တစ်ပြိုင်တည်း ထပ်ကြားလိုက်ရပါတော့တယ်..."ကျတော်တို့ရဲ့ ညီမလေးကို ကယ်တင်ပေးပါ ကြီးမြတ်တဲ့ သမားတော်ကြီးရယ်"ငါပိုအာရုံစူးစိုက်ပြီး နားထောင်ကြည့်မိတယ်...လူတွေ... လူတွေအများကြီး တစ်စုံတစ်ယောက်အတွက် စိုးရိမ်ပူပန်နေကြပြီး ဝမ်းနည်းနေကြတယ် ...အဲ့ဒီထဲမှာ အမျိုးသားငယ်တွေ အမျိုးသမီးငယ်တစ်တွေနဲ့ ကလေးငယ်တွေ လည်းပါတယ်သူတို့အရမ်းစိတ်ထိခိုက်နေကြတယ် တစ်စုံတစ်ယောက်အတွက် စိုးရိမ်ပူပန်နေကြတယ်။ သူတို့စိုးရိမ်နေကြတဲ့ တစ်စုံတစ်ယောက်ဆိုတာ သူတို့ရဲ့မိသားစုဝင်ဖြစ်ရမယ်။ရုတ်တရက်ငါတွေးမိတာ ငါ့မှာအဲ့လို စိုးရိမ်ပူပန်ပြီး စိတ်ထိခိုက်နေကြမယ့် မိသားစုဝင်တစ်ယောက်မှ မရှိဘူး ငါလေ ငါ ခုလိုနွေးထွေးပြီး ငါ့အတွက် စိုးရိမ်ပေးမယ့် မိသားစု တစ်ခု လိုချင်လိုက်တာ... 😥😥အမှောင်ထုဟာ ဖြေးဖြေးချင်း ဖျော့လာတယ် အလင်းရောင်တစ်ချို့က မျှင်မျှင်လေး တိုးဝင်လာတယ်ငါတဖြေးဖြေးခံစားမိလာပြီငါ့တစ်ကိုယ်လုံး တစ်ဆစ်ဆစ် နာကျင်ကိုက်ခဲနေပြီး လှဲလျောင်းနေရတာပဲ...ငါအားယူပြီး မျက်စိဖွင့်ကြည့်တယ် အလင်းရောင်အချို့ကို ငါမြင်ရပြီ အား... ဒါတကယ်ကိုကောင်းတာပဲ စောနကအမှောင်ထုထဲမှာ သိပ်ကြောက်ဖို့ကောင်းတယ် နှစ်ပေါင်းများစွာ တိုင်အောင် နိုးထမရတော့တဲ့အထိ ငါပိတ်မိနေမယ်လို့ ခံစားခဲ့ရတာ....ငါမျက်စိတွေကို ကျင့်သားရအောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဖြေးဖြေးချင်း ဖွင့်လိုက်တော့...ငါမြင်ရတာက အဖိုးအဖွားတွေအိမ်မှာရှိတဲ့ ငါ့အခန်းက မျက်နှာကျက်နဲ့တူတဲ့ အခန်းတခုထဲ ငါရောက်နေတာပဲမျက်နှာကျက်က သစ်သားနဲ့ပြုလုပ်ထားပြီး ရှေးဟောင်းတရုတ်ရိုးရာ အိမ်လေးနဲ့တူတယ်ငါဘယ်ရောက်နေတာပါလိမ့် ဒါငါ့အိပ်ခန်းမှ မဟုတ်တာ...😧😧YinXin သမီးလေး အမျိုးသမီးကြီးက တစ်စုံတစ်ယောက်ရဲ့နာမည်ကို အော်ခေါ်လိုက်တယ်။ သူ့အော်သံကြောင့် ငါတင်မက အနားကလူတွေအားလုံး လန့်ဖျန့် ကုန် ကြတယ်။ ပြီးတော့ သူငါ့ကိုဆွဲဖက်ပြီး ငါ့ပါး၂ဖက်လုံးကိုနမ်းတော့တာပဲ.... ရုတ်တရက်ဆိုတော့ ငါကြောင်အအဖြစ်သွားတယ်သူမက ငါ့ကိုထူပေးပြီး ငါ့ကျောနောက်မှာ ခေါင်းအုံးလေးထားပေးတယ်။ နေသာထိုင်သာရှိအောင် ကူညီပေးရှာတယ်။ခုတော့ငါအခန်းထဲက အရာအားလုံးကိုရှင်းရှင်းလင်းလင်း မြင်ရပြီ ပြီးတော့ လူတွေကို ရောပဲ ငါမြင်ရပြီအမျိုးသမီးကြီးဟာ... ဟန်ခေတ်က ရိုးရာပိုးသားအကျီကိုဆင်မြန်းထားတယ်အပြာရင့်နဲ့ပန်းနုရောင်ရောယှက်ပြီးချုပ်လုပ်ထားတဲ့ ဟန်ခေတ် ဝတ်စုံမှာ အဖြူရောင်ကြာပန်းတွေနဲ့ အနားသတ် ထားတာ အဲ့ဒီဝတ်စုံနဲ့ သူမသိပ်လှတယ်။ပြီးတော့သူမ မျက်နှာက ဖြူတယ် ဖြူတာမှ ကျောက်စိမ်းအဖြူလိုကြည်လင်ဝင်းမွတ်နေတာ ဆံထုံးမှာတော့ ရိုးရှင်းတဲ့ ကျောက်စိမ်းဆံထိုးတစ်ခု ဆင်မြန်းထားတယ် ရိုးရှင်းပေမယ့် အထက်တန်းလွှာက သူတွေသာ ဆင်မြန်းတဲ့ အရာတခုမှန်း ငါသိလိုက်တယ်။သူမက တင့်တယ်လှပလွန်းတယ် အခုသေချာကြည့် မှ သူမက သက်လတ်ပိုင်း ၄၅ကျော်ကျော် လောက်ပဲရှိအုံးမယ်။သူမ မျက်နှာမှာတော့ ဝမ်းသာမှု နဲ့အတူ စိုးထိတ်နေမှုတွေ ရောပြွမ်းနေပြီး ငါ့ကိုကြည့်နေရှာတယ်။ရုတ်တရက် ကြောင်အအဖြစ်နေတဲ့ ငါ့ခေါင်းထဲ အသိဉာဏ်တစ်ခု ရိုက်ခတ်ဝင်ရောက်လာတာက...ဒါ ဒါ ရှေးဟန်ခေတ်ကာလကိုရောက်နေတာပဲ ခုငါဝင်ရောက်နေတာ ဟန်ခေတ်ကကောင်မလေးရဲ့ ကိုယ်ပဲဒါဆို ဒီ ခန္ဒာကိုယ်ပိုင်ရှင်ကYiXin ခုငါ့ကိုကြည့်နေတဲ့အမျိုးသမီးကြီးက သူမအမေသူမဘေးကရပ်နေတာ ချစ်လှစွာသော ခင်ပွန်း YiXin ရဲ့ပါပါး နောက်က ၃ယောက်က YiXin ရဲ့ geges (အကိုကြီး)တွေနဲ့ အကိုကြီးများရဲ့မိန်းမနဲ့ကလေးတွေ....(geges ကောကော အကိုများ)ဒါဆိုခုငါက Chu SiYang မဟုတ်ပဲ Lin YiXin ပေါ့... အား....ဘယ်လိုတွေများဖြစ်သွားပါလိမ့်😮😮Lin YiXin သူမကို တစ်အိမ်လုံးက ချစ်ကြပုံရတယ်။ ချစ်တာမှ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလို ဒါပေမယ့် သူမမှာ အားနည်းချက်တစ်ခုရှိတယ်။အဲ့ဒါက သူမဟာ သိပ်ကိုအားနည်းပြီးနုဖတ်လွန်းတယ်။ ဒါကြောင့်အိမ်အလုပ်တွေဘာမှ မလုပ်ရဘူး အပြင်ထွက်ပြီးလျောက်သွားမိရင်တောင်လွယ်လွယ်လေးဖျားနိုင်တယ်။ နေရောင်အောက်မှာဆို သူမဟာ ဖျော့တော့ပြီးအား မရှိသလို နွမ်းလျနေရှာတယ်။ ဈေးလမ်းတွေမှာရောင်းတဲ့ အစားအစာတွေ စားမိပြီဆိုတာနဲ့ နေမကောင်းဖြစ်တော့တာပဲ။ဒီလိုအားနည်းလွန်းတဲ့ သူမကိုအိမ်အပြင်မထွက်ခိုင်းဘူး အိမ်ထဲမှာပဲနေရရှာတဲ့ သနားစရာကလေးမလေးပေါ့သူမအကိုကြီးတွေက တော်ဝင်စစ်တပ်က တပ်မှူးကြီးတွေပါပါးက ဟန်အင်ပါယာရဲ့ ညာလက်ရုံးအတိုင်ပင်ခံ ဝန်ကြီး ပြီးတော့ အင်ပါယာ ဧကရာဇ်နဲ့ အင်ပါယာဧကရီ တို့ရဲ့ အရင်းနှီးဆုံး ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းဆိုလည်း မမှားဘူး။"မယ်...မယ်မယ်" (A/N ဒီနေရာမှာ မယ်မယ်လို့ သုံးပါမယ် နန်းတွင်းက ဝန်ကြီး တပါးရဲ့သမီးမို့ အရပ်သုံးစကားတွေအစား မယ်တော် ခမည်းတော် လို့အသုံးပြုမှာပါနော်)သူမ SiYang ရဲ့ရောထွေးနေတဲ့ မသိစိတ်ရယ် သူမကိုယ်သူမ Lin YiXinလား Chu SiYangလား ဘယ်သူရယ်လို့ မကွဲပြားပဲ ဝမ်းနည်းအားငယ်စိတ်နဲ့ အတူ နွေးထွေးတဲ့ ဒီမိသားစုကြောင့် သူမကိုယ်သူမ Lin YiXinလို့ပဲ မှတ်ယူကာ လက်များဆန့်တန်းပြီး မယ်တော်ထံမှ ပွေ့ဖက်အားပေးမှုကို ခံယူလိုတဲ့ ကလေးငယ်သဖွယ် ပြုမူမိတော့တယ်။Lin Siyin (မယ်တော်) ဟာ သူမရဲ့ ကလေးကို မနက်ဖန်ဆိုတာမရှိတော့သည့်နှယ် ပြန်လည်ပွေ့ဖက်ကာ သူမလက်မောင်းတွင် မှီစေသည်။"မယ်... မယ်မယ်!" YiXin သူမ၏မယ်မယ် လက်မောင်းပေါ်တွင် ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။.....................Author note:Rachelကြိုးစားထားပါတယ်လို့ ဘာသာပြန်ပြီးရေးထားတာမို့ မူရင်းကိုလည်းမပျက်စေလိုတာကြောင့် မူရင်းauthor ရေးထားတဲ့အတိုင်းအတတ်နိုင်ဆုံးအနီးစပ်ဆုံးဘာသာပြန်ထားပါတယ် ဖတ်ရတာထောက်နေတာမျိုးရှိရင် နားလည်ပေးကြပါနော် ပထမဆုံးဘာသာပြန်လေးမို့ပါချစ်တဲ့Rachel 😘😘
ВЫ ЧИТАЕТЕ
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Исторические романы[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...
