(Unicode)
အိမ်ရှေ့စံ လင်းကျီ ဟာ လေ့ကျင့်ရေးကွင်းမှာ အတိုက်အခိုက် ပညာသင်ကြားနေတုန်း မယ်တော် အနားက ကုန်းကုန်း ရောက်လာပြီး သူကို နန်းမဆောင် အခစားဝင်ဖို့ လျှောက်တင်တယ်။
လင်းကျီ တွေးမိလိုက်တာက ဟိုကောင်မလေး... အင်း ရုပ်ဆိုးမကို သွားတွေ့ဖို့ အချိန်တန်ပြီပေါ့ လေ ဟက်...
(အချေကိုယ်တော် တော် တဖက်စောင်းနင်း မှတ်ချက်ချနေ ပြီးမှ ပါးစပ်နားရွက်တပ်ချိတ်လို့ ကျောက်ရုပ်ပမာ ဖြစ်နေမှာ မြင်ယောင်ပါဘိနော်)
နန်းမဆောင်ထဲ ဝင်တာနဲ့ ကလေးမငယ်ငယ်လေးတစ်ယောက် မယ်မယ်နဲ့ ပြုံးလို့ပျော်လို့ စကားပြောနေကြတာ... အရပ်က 156cm လောက်ရှိပြီး ကိုယ်နေဟန်ထားက တင့်တယ်တယ်... ဒီကလေးလေးက ဘယ်သူများပါလိမ့် ???
ခမည်းတော်နဲ့ မယ်တော်ကို ဂါရဝပြုပါတယ်...
သားတော် ထပါ။ သားတော် ကို အခေါ်တော်ပါးလိုက်ရတာက ဟောဒီမှာ အမတ်ကြီးလင်းဇူကျားရဲ့ သမီးလေး လင်းရီရှင်း မင်းရဲ့ အိမ်ရှေ့စံမိဖုရားလောင်း နဲ့ မိတ်ဆက်ပေးမလို့ ခေါ်လိုက်တာပဲ။
သူ သူမကိုကြည့်လိုက်တဲ့ အချိန်မှာ သူမဟာ သူ့ဘက်လှည့်လာပြီး...
ရီရှင်း အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။
ဆည်းလည်းသံလို ကြည်ရွှင်ပျတဲ့ အသံနဲ့ နတ်သမီးတမျှ လှပတဲ့ အဆင်း တောက်ပတဲ့ အပြုံးနဲ့ အတူ သူ့ကို နှုတ်ခွန်းဆက်နေတာက သူရဲ့ အိမ်ရှေ့စံ မိဖုရားတဲ့လား...လနတ်သမီး ချန်အော် ကောင်းကင်က ဆင်းလာတာများလား မိန်းကလေးရယ်။
ဖန်းဟိုင်ကျွင်း ပြောတာ အားလုံးမှားတယ်။ သတင်းအမှားတွေချည်းပါ့လား...
(ဟိုင်ကျွင်း ~ မင်းသားရဲ့ နန်းပြင်က ရည်းစား)
ကောင်းသောနေ့ပါ မိန်းကလေး ကိုယ်က လင်းကျီ ပါ။ အိမ်ရှေ့စံဟာ ရှင်း ထံမှ မျက်လုံး တရွေ့မှ မရွေ့ဘဲ သူ့ဆီမှာ ရှိတဲ့ အပြုံးတွေ အကုန် ပျားရည် မှောက်သလို ပုံအောလို့ နှုတ်ဆက်လိုက်တယ်။
လင်း ရီရှင်း ပါ အိမ်ရှေ့စံ သာယာသောနေ့လေး မှာ ကျန်းခန့်သာလို့ မာပါစေရှင်။
YOU ARE READING
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Historical Fiction[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...
