Ch 7:part 1 ယောက္ခမ နှင့် တွေ့ဆုံခြင်း(u+z)

5.1K 508 29
                                        

(Unicode)

ရီရှင်းလေး မိသားစုနဲ့ နှုတ်ဆက်အပီးမှာတော့နန်းတော်ဆီသို့ ထွက်ခွာပါတော့တယ်။

အပြင်လောက က သိပ်အံ့သြစရာကောင်းနေပါတယ်၊ အရောင်စုံ အဝတ်ထည်တွေ ဝတ်ဆင်ထားတဲ့ လူတွေ၊ စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ သစ်ပင်ပန်းမန်တွေ လမ်းတလျောက်က ခမ်းနားထည်ဝါတဲ့ အိမ်တော်တွေဈေးလမ်းမကြီးပေါ်က သစ်ဆန်းတဲ့ ပိုးထည်တွေ ကြွေထည် မြေထည် နဲ့ ပစ္စည်းအမျိုးအစားတွေ အရာအားလုံးဟာ ရီရှင်းဖို့ အသစ်အဆန်းတွေ ဖြစ်နေတော့တယ်

Lin အိမ်တော် ပြင်ပကို တခါမှ မရောက်ဖူးတဲ့ ရီရှင်းဟာ ယုန်သူငယ်လေးလို ဖြူစင်စွာနဲ့ သူမစီးနင်းလိုက်ပါလာတဲ့ ဝေါယာဉ် တံခါး အသာဖွင့်လို့ အံံ့သြဘနန်း မျက်နှာလေးနဲ့...

ဝါး...ဝါး အရမ်းလှတာပဲ နော် အထိန်းတော်ကြီး ဟိုလမ်းကဘာလမ်းလို့ခေါ်လဲ အဲ့မှာ ကြွေထည် မြေထည်တွေ ရောင်းတာလား လှလိုက်တာနော် ရှင်းကလေ ညမွှေးပန်းလေးတွေ စိုက်ချင်တာ ကြွေထည်လှလှလေးနဲ့ပေါ့

ကြင်ယာတော် မင်းသမီး အဲ့ဒီလမ်း က နန်းတော် မြောက်ဘက်ဈေးလမ်းမကြီးပါ။

ဟာ အထိန်းတော်ကြီး ဒီအိမ်တော်ကြီးက လှလိုက်တာနော် ဘယ်သူ့အိမ်လဲ ဒါက ဝေ့အမတ်ချုပ်ကြီး အိမ်တော်ပါ။

ရှင်းလေးဟာ ဟိုမေးဒီမေးနဲ့ပေါ့ အထိန်းတော်ကြီးကတော့ သူမလို အပြစ်ကင်းပီး တိုင်းပြည် မိခင်လောင်းနေရာရောက်တာတောင် ဟိတ်ဟန်မပါ ဘဲ ဦးကြီးတယောက်လို သတ်မှတ်ပီး သိလိုတာတွေ မေးမြန်းနေတဲ့ ကလေးမလေး တယောက်ကို အရမ်းကို လေးစားချစ်ခင်သွားပါတော့တယ်။ ပြီးတော့ စိတ်ထဲကနေပြောလိုက်တာက

ကလေးရေ မင်းဟာ ငါ့ တူမလေးသမီးလေးပါပဲ ငါနန်းတော်မှာ ရှိနေသမျှ သမီးလေးကို ဦးလေးအရင်းတယောက် လိုကာကွယ်စောင့်ရှောက်ပါ့မယ်။

ကြင်ယာတော် မင်းသမီး မကြာခင် နန်းတော်ကိုရောက်ပါတော့မယ် ခင်မျာ

叔叔 (shushu)ဦးလေး နန်းတော်က ကြောက်ဖို့ကောင်းလားဟင် ဦးဦးက ရှင်းနဲ့ အတူတူ ရှိနေမှာ မှတ်လား ရှင်းအမှားလုပ်မိရင်တော့ ခေါင်းဖြတ်ခံရမှာ မဟုတ်လောက်ပါဘူးနော်မင်းသမီး မဟုတ်တာတွေ ဘာလို့တွေးနေရတာလဲ ကျတော်မျိုးက မင်းသမီးနားမှာ ခစားနေမှာပါ ပြီးတော့ 

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Wo Geschichten leben. Entdecke jetzt