ဒီနေ့စနေနေ့ဆိုတော့ ကျောင်းပိတ်ရက်ပေမဲ့သွန်းတစ်ယောက် အိမ်မှာမနေရ ကျောင်းကအဖွဲ့လိုက် ဖွဲ့ပေးပြီးဆရာဝန်ကြီးတွေနောက်လိုက်ပြီး လက်တွေ့သင်ရ ခိုင်းတာလုပ်ရ မေးခွန်းတွေပေါင်းစုံ ခေါင်းမူးရင်ဘာကြောင့်ဖြစ်နိုင်လဲ စသဖြင့် ဆရာဝန်ကြီး၏မေးခွန်းပေါင်းစုံကိုဖြေရနဲ့
အကုန် ဒေါင်ချာစိုင်းနေကြသည်။rest time,
အောင်မလေး ဖူး.. ပူလိုက်တာ ခြေထောက်တွေလည်းညောင်းတယ် ငါပိန်သွားသလိုဘဲ။ငကောင်း တိုးတိုးလေးနေပေးစမ်းပါ နင့်တစ်ယောက်ထဲပင်ပန်းတာမဟုတ်ဘူး ငါတို့အကုန်လုံး ပင်ပန်းတာဘဲ ကျန်တဲ့လူတွေကိုလည်းကြည့်အုန်း ဘယ်သူ ဖလန်းဖလန်းထနေတာတွေ့လဲ။
အေးလေ သွန်းဆက်ပြောတာအမှန်ဘဲ ကောင်းခန့်ရယ်အကုန်ပင်ပန်းကြတာဘဲဟာကို။
အောင်မလေး အိမ်မရယ် ငါက အားလုံးအစား ညည်းပေးတာပါ။
ဘာ ကောင်းခန့်စုတ် ငါ့ကို အိမ်မလို့ မခေါ်နဲ့ဆိုဟာ ငါ့နာမည်ကိုမဖျက်နဲ့ အိမ့်မြတ်နိုးဟဲ့။
ငါ့ဆို နင်တို့အကုန်လုံး ဖြဲတယ်နော် ငါကပထမနှစ် ဆေးက kingလေးပါ။ သားကစတာကို 😔😔
အောင်မလေး ကြွားနေတာ အိမ့်ငါတို့လည်း ငကြွားကြီးနဲ့ သူငယ်ချင်းဖြစ်နေရတယ်နော် ဟိဟိ။
အေးလေ ရတနာတို့ ကောင်းမြတ်တို့တွေနဲ့ အဖွဲ့မတူတာ ကောင်းခန့် နင်ကံကောင်းတယ် မဟုတ်ရင် သူတို့လည်းပြောကြမှာ။နင် kingဆိုတာ ခုအတူကြတဲ့အဖွဲ့နဲ့ ကျောင်းကလူတွေဘဲသိတာ ဒါပေမဲ့ ဒီမှာ အဲ့တာက သုံးစားမရဘူး နင့်ကိုလိုက်ကြွေမဲ့ တစ်ခြားကောင်မလေးတွေနားမှာဘဲရမယ် ငါတို့နဲ့ဆို နင်က သူငယ်ချင်းဘဲ😌😌
ရိုက်လိုက်ပါဦး အိမ့်ရယ် ပြောတတ်လိုက်တာ ငါ့သူငယ်ချင်းလေး။