Recall...
ဖြည်းဖြည်းဆင်းမှ အောက်ထပ်ကို ဟူး မီးပျက်တော့လည်း စိတ်ညစ်ဖို့ကောင်းထာ။ သူများအိမ်ဆိုတော့ပိုဆိုး လျှပ်စီးလက်လို့သာ ၀ိုးတိုးဝါးတား မြင်ရတာ။ ဟူး လှေကားတွေကြ ဘာမှလည်းမမြင်ရဘူး စိတ်တွေချမ်းသာတယ်။
ခက်တစ်ယောက် မီးဖိုချောင်းထဲကို အဆင်မပြေတပြေ ရောက်သွားပြီးရေသောက်ကာ အိမ်ပေါ်ပြန်တက်လာတော့ အင်း ကလေးအခန်းကိုသွားကြည့်အုန်းမှပါ အိပ်နေပြီလား မီးအိမ်ထွန်းပြီးစာကြည့်နေတုန်းလားမသိဘူး။
ကျွီ...(သွန်းရဲ့အခန်းတံခါးကိုခက်ဖွင့်လိုက်သံ)
😱😱ဟင် ကလေး သွန်းလေးဘာလို့ငိုနေတာလဲ မအိပ်သေးဘဲနဲ့ (AN;မိုးရွာ လျှပ်စီးလက်လို့် သွန်းကိုမြင်ရတာနော်) ပြောလည်းပြော ကုတင်ပေါ်တွင် တအိအိနဲ့ စောင်ကြီးခေါင်းထိခြုံကာ ငိုနေသော သွန်းဆီပြေးသွားပြီး ကုတင်တွင် ၀င်ထိုင်လိုက်တော့ သွန်းတစ်ယောက်စောင်ထဲကထွက်လာပြီး ခက်ရင်ခွင်ထဲကိုအတင်းတိုးကာ ဖက်၍ငိုတော့သည်။
တိတ်တော့နော် မမရှိတယ် လိမ္မာတယ်။သွန်းကိုပြန်ဖက်လိုက်ပြီးကျောပြင်ကို ကလေးတစ်ယောက်ကိုချော့သလိုပုတ်ပေးနေလေသည်။ဘာလို့ငိုနေတာလဲ သွန်းရယ် မီးပျက်တာ မီးအိမ်ဖွင့်ထားလိုက်ပေါ့ အရမ်းမှောင်နေရင်။
မီးအိမ်က အားမရှိဘူး အဟင့် မမခက်ရဲ့။အားသွင်းထားဖို့မေ့နေတော့ အဟင့် ထွန်းမရဘူး။
အော် အင်းအင်း တိတ်တော့ တိတ်တော့ နေအုန်း မမရေထည့်ပေးမယ် နည်းနည်းသောက်လိုက်။
ဟင့်အင်း သောက်ချင်ဘူး။ခုဟာကလည်း မှောင်နေတုန်း တံခါးသံလိုလို လမ်းလျှောက်သံလိုလို ကြားလိုက်တော့ ငိုလိုက်မိတာ ဟင့် ဟင့်။မမခက် သွန်းနဲ့အတူတူအိပ်ပေးပါနော် နော်။သွန်းက မှောင်နေရင် အိပ်မရလို့ပါ ခုကမိုးရွာပြီး လျှပ်စီးလက်နေပေမဲ့ မီးမှောင်နေလို့ပါ။ ခါတိုင်း မီးပျက်လို့မှောင်နေရင် မေမေ့ဆီသွန်းသွားအိပ်ရင်အိပ် မအိပ်ရင် မေမေလာအိပ်ပေးတယ်။
