Ep-26

545 36 7
                                    

အခုဆို ခက်​လည်း သွန်းတို့အိမ်​မှာ အလုပ်​၀င်​တာကြာပြီ။သွန်း​က တစ်​ခါတစ်​​လေ အပြင်​သွားလျှင်​ လိုက်​ရန်​​အတင်း​ခေါ်လျှင်​ ခက်​တစ်​​ယောက်​လိုက်​သွားဖြစ်​သည်​။တစ်​ခါတစ်​​လေပိတ်​ရက်​​တွေဆို ဧည့်​ခန်းမှာ ရယ်​စရာ​တွေ​ပြောရင်း စကားများ​ပြောဖြစ်​သည်​။အချိန်​​တွေကြာလာတာနဲ့အမျှ သွန်းနဲ့ခက်​ရဲ့ သံ​ယောဇဉ်​ကြိုး​လေးမှာ ပိုခိုင်​မာလာ​လေသည်​။

ကြီးမြ​ရေ ကြီးမြ။အဖွားကြီးမြ​ရော။

မြေး​လေးရယ်​ ဘယ်​လို​တောင်​ ​အော်​​နေရတာလဲ။နည်းနည်းပါးပါးလိုက်​ရှာမယ်​မရှိဘူး။မိန်းက​လေးဆိုတာ အိ​နြေ္ဒရှိရမယ်​​လေ။ခက်​​ရေ သွန်း​လေးကို သင်​​ပေးလိုက်​ပါအုန်း။မီးဖိုထဲမှာမ​တွေ့ဘူးလား။

မ​တွေ့လို့​​ပေါ့လို့ အဖွားကလည်း။ဒါဆို အိပ်​ခန်းထဲဝင်​သွားသလားမှ မသိတာကွယ်​။

အာ ဟုတ်​သားဘဲ။လာ မမခက်​လိုက်​ခဲ့အုန်း။

ဟဲ့ ဟဲ့ ​မြေးရယ်​။ဖြေး​ဖြေးသက်​သာ ​ခေါ်ပါဟဲ့ ခက်​​လေးကို ​ချော်​လဲကုန်​​တော့မှာဘဲ ဒီက​လေးမ​လေးဟာ​လေ။

အဟိဟိ။

သွန်း​လေးရယ်​ ရယ်​​နေတယ်​။ဖြေး​ဖြေးလုပ်​မှ​ပေါ့ သွန်းကလှမ်းဆွဲတာ မ​တော်​လို့ အဖွား​ခြေ​ထောက်​တက်​နင်းမိရင်​ အဖွားနာမှာ​ပေါ့။အဖွားကအသက်​ကြီးပြီ​လေ။လိုက်​ခဲ့ပါလို့​ပြောရင်​ မမလိုက်​မှာ​ဘဲဟာ။(AN, ​အေး​လေ ​အေး​လေ​နော်​)။နောက်​တစ်​ခါအဲ့လိုမလုပ်​နဲ့​နော်။

ဟုတ်​ကဲ့ပါ မမ။

ကြီးမြ​ရေ သမီးတို့ဝင်​လာမယ်​​နော်​။

သွန်း​လေးလား။ဝင်​ခဲ့​လေ သမီး။ကဲ လာထိုင်​ကြ ဘာ​ပြောချင်​လို့လဲ သွန်း​လေး။

ကြီးမြ သဘက်​ခါ ​မေ​မေ့ ​မွေး​နေ့​လေ။အဲ့တာ တစ်​ခုခုလုပ်​မလားလို့။ကိတ်​မုန့်​​လေးလုပ်​ ​မေ​မေကြိုက်​တဲ့ ဟင်း​တွေချက်​။သွန်းသူငယ်​ချင်း​တွေ​ခေါ်ပြီး နည်းနည်းပါးပါးပြင်​ပြီး လုပ်​မလားလို့။

❤Love❤Donde viven las historias. Descúbrelo ahora