Ep-21

644 57 10
                                    

မနက်​မိုးလင်း​တော့ ညကသည်းထန်​စွာရွာ​သောမိုးမှာ မရွာ​တော့ဘဲ တိမ်​ကင်းစင်​၍​နေအလင်း​ရောင်​က​တောက်​ပကာ ရာသီဥတုသည်​ သာယာ​နေ​တော့သည်​။


တော်​​သေးတာ​ပေါ့ ရာသီဥတုပြန်​​ကောင်းသွားတာ တို့အားလုံး ပြန်​ဖို့အဆင်​​ပြေသွားပြီ။ကဲ က​လေး​တွေ အားလုံးဘဲ သိမ်းစရာရှိတာမကျန်​​အောင်​​သေချာထုပ်​ပိုးပြီးသိမ်းကြ​တော့ ၁၀နာရီ​လောက်​ထွက်​ကြမယ်​။အကုန်​ အတူတူပြန်​ကြမှာ​နော်​ ရန်​ကုန်​ကို။ဆရာဝန်​ကြီး​တွေနဲ့ ​တို့​တွေလည်း ကားအတူစီးရမှာဖြစ်​လို့ စည်းကမ်းရှိကြပါ က​လေးတို့ ဆရာမ ဒါဘဲ​ပြောချင်​တယ်​။ကဲအားလုံး ပစ္စည်း​တွေသွားသိမ်းကြ ပြီးရင်​ မနက်​စာစားဖို့ ဆွမ်းစား​ဆောင်​ကို လာခဲ့ကြ​နော်​ အားလုံး။


All; ဟုတ်​ကဲ့ပါ။


အလျှိုလျှို ပစ္စည်း​တွေသိမ်းရန်​ ထွက်​သွားကြ​လေသည်​။


ဟဲ့ အိမ့်​ ကား​ပေါ်ကြ နင့်​​မောင်​​လေးထိုင်​ဖို့လုပ်​​နော်​။


ဒါ​ပေါ့ ဒါ​ပေါ့ ငါ​မောင်​​လေးနဲ့ ထိုင်​ရဖို့အ​ရေး ငါ့အ​ရေးဘဲ သူငယ်ချင်း​​တို့လည်း ကူညီမစကြပါအုန်း​နော်​🙏🙏။


အေးပါဟာ။အမယ်​ ငါ့ဘဲ​ပြောမ​နေနဲ့အုန်း သွန်းကလည်း သူ့မမခက်​နဲ့ထိုင်​ရမှာ​ပေါ့။


ဟဲ့အိမ့်​မ နင်​ဘာ​တွေ​ပြော​နေတာလဲ။ငါ့ရတနာ​လေးနဲ့ထိုင်​ရမှာ​ပေါ့။သူ့ကိုဘယ်​​မေ့ထားတာတုန်း။


အမ​လေး ငါ့မပူနဲ့ ချစ်​သွန်းရဲ့။အစ်​မ​မေရီတစ်​​ယောက်​လုံးရှိတာဘဲ။ငါလည်း ဘဲမရတဲ့အတူ လှလည်းလှ ​တော်​လည်း​တော်​တဲ့ ဆရာဝန်​မမ အစ်​မ​မေရီကိုဘဲ အပြီ ချိန်​လိုက်​ရင်​​ကောင်းမလား သူငယ်​ချင်းတို့။


ကြည့်​လုပ်​ပါအုန်း ​ဒေါ်ရတနာရယ်​။တော်​ကြာမှ အစ်​မ​မေရီမှာ ရည်းစားကြီးငုတ်​တုတ်​ရှိ​နေမှ အသည်း​တွေကွဲပါပြီ ဖြစ်​​နေပါအုန်းမယ်​။


အင်း ဒါလည်း ဟုတ်​တာဘဲ​နော်​ မစုံစမ်းဘဲနဲ့ ချိန်​​နေလို့လည်း မဖြစ်​ပါဘူး။အေး​အေးချမ်းချမ်း​နေတာဘဲ​ကောင်းပါတယ်​။


❤Love❤Tempat cerita menjadi hidup. Temukan sekarang