Ep-2 <မသိမသာ ​ပြောင်းလဲ​သောရင်​ခုန်​သံ>

2.7K 127 0
                                    

ည​နေ​စောင်း​တော့...

ဟား..ဟား..ဟား..

အိုး.. တို့အဖွားရယ်​သံက အိမ်​ထဲဝင်​လာထဲကကြား​နေရတယ်​ အဖွားကသွန်းကို​တောင်​​မေ့​နေပြီမလား။

မြေးရယ်​​မေ့စရာလား အဖွားရဲ့နှစ်​​ယောက်​မရှိတဲ့ ​စကားအိုး​လေးကို။

ဟာ အဖွားကလည်းသွန်းကအဖွားတစ်​​ယောက်​ထဲကိုဘဲ စကားအိုး​လေးလုပ်​တာပါ ကျန်​တဲ့လူ​တွေဆို စကားသိပ်​မ​ပြောပါဘူး..ဟွန့်

အဖွားဘာ​တွေ ရယ်​​နေတာလဲ ​မြေးကိုလည်း​ပြောပြချင်​ဘူးလား။

က​လေးတစ်​​ယောက်​လို အဖွားရင်​ခွင်​ထဲ​​ကျောပိုးအိတ်လွယ်ပြီးအတင်းဝင်​ကာ​မေး​နေသည်​မှာ ​ဘေးမှာထိုင်​​နေ​သော ခက်​တစ်​​ယောက်​ပြုံး​နေမိသည်​။

သွန်း​လေးရယ်​ ​ကျောပိုးအိတ်​​လေးလည်း ​ချွတ်​ပါအုန်း အဖွားရင်​ခွင်​ထဲအတင်းကိုဝင်​​နေ​တော့တာဘဲ အပြင်​ကပြန်​လာတာ မပူဘူးလား။

အေး​လေး​မြေး​လေးရယ်​ တကယ်​ဘဲ ခက်​​လေး​တောင်​​ပြော​နေပြီ ပူကပူနဲ့ အင်္ကျီ​​တွေဘာ​တွေသွားလည်းပါအုန်း။

အဖွားက မမခက်​ရှိ​တော့ ​သွန်း​ကို​မောင်းထုတ်​ပြီ​ပေါ့​လေ။

ဟုတ်​ပါဘူး ​မြေးရယ်​။

မြေးကလည်းစတာပါ ​နောက်​မှပြန်​လာခဲ့မယ်​ မမခက်​ အဖွားက​ပြောရဆိုရခက်​တယ်​မလား😁🏃🏃

အယ်​ ဒီက​လေးက​တော့

ခစ်ခစ် ​​သွန်း​လေးကအဖွားကို​တော်​​တော်​ချစ်​တာဘဲ။😊😊

ခက်​​ရေအမြဲအဲ့လိုဘဲ အိမ်​မှာရှိသမျှလူ အကုန်​လိုက်​စ​နေတာဘဲ စိတ်​ဆိုးရအခက်​ ​အော်​ရအခက်​​လေ က​လေးဆိုသူတစ်​​ယောက်​ထဲဆို​တော့ ဆိုးနွဲ့​နေတာ။

သွန်းက လိမ္မာပါတယ် ချွဲနွဲ့တက်​တဲ့က​လေး​လေးတစ်​​ယောက်​နဲ့တူတယ။်​ အဖွားလည်း ခဏလှဲ​ပြီးနားလိုက်​အုန်း အိပ်​ချင်​လည်းအိပ်​လိုက်​အုန်း ခုမှ ​နေ့ခင်း၂နာရီခွဲဘဲရှိ​သေးတယ်​ နိုးမှ နွားနို့​သောက်​ရ​မယ်​​နော်​အဖွား။

❤Love❤Donde viven las historias. Descúbrelo ahora