သွန်းတို့ အဝေးပြေးကားဂိတ်ရောက်ချိန် ရန်ကုန်မှာ မိုးရွာနေဆဲပင်။မိုးကလည်းရွာ မိုးလည်းချုပ်နေပြီ ဖြစ်သဖြင့် တက္ကစီငှါးရတာအဆင်မပြေ။သွန်းနှင့်ကောင်းခန့်တို့အိမ်မှ ကားလာကြိုသဖြင့် အဆင်ပြေသွားလေသည်။
အိမ့် အိမ်မှလည်း လာကြိုလေသည်။ရတနာကတော့ အိမ့်နှင့်လိုက်သွားလေသည်။ကောင်းမြတ်နှင့်ဇွဲမင်းပိုင်ကတော့ ကောင်းခန့်နှင့်လမ်းကြုံလိုက်သွားလေသည်။ခက်နှင့်မေရီက တက္ကစီငှါးရန်လုပ်နေသည်ကို သွန်းက မိုးအရမ်းချုပ်ပြီး မိုးတွေလည်းရွာနေလို့စိတ်မချဘူး သူ့အိမ်လိုက်အိပ်ရန်အတင်းခေါ်နေသဖြင့် သွန်းကားပေါ်တွင်ပါသွားလေသည်။
သွန်းအိမ်သို့ရောက်သော်
မေမေ ဖွားဖွား သမီးပြန်ရောက်ပြီ။
ဟော ငါ့မြေးလေး ပြန်လာပြီ။သမီးရေ နင့်သမီးလေးပြန်လာပြီ။
လာပြီမေမေရေ။
အဖွား ဒီမှာ မမခက်နဲ့ ဧည့်သည်ဆရာဝန်မလှလှလေးလည်းပါလာတယ်။
အဖွား နေလို့ကောင်းရဲ့လား။
ကောင်းပါ့ကွယ် မြေးခက်ရေ။နေလို့ထိုင်လို့လည်း အဆင်ပြေပါတယ်။မြေးခက် သောက်ခိုင်းတဲ့ဆေးတွေကိုပုံမှန်သောက်တယ်။ပင်ပန်းနေကြပြီပေါ့။အပြင်မှာမိုးတွေလည်းရွာကောင်းတုန်းဘဲ။
ဒူးခေါင်းရော အရမ်းနာနေသေးလား အဖွား။
အရမ်းတော့ မနာတော့ဘူးကွဲ့။
အော် ခက်ပါ ပါလာတာဘဲ။ဒါနဲ့ ဘယ်လိုတွေ့လာကြတာလဲ။
သွန်းကဘဲ အကုန်ရှင်းပြလေသည်။ဒီမမ နာမည်ကနော်မေရီသက်တဲ့။
အော် ဒီလိုကို။ကဲ ဧည့်သည်လည်းပါလာတာဆိုတော့ ရေလည်းချိုးချင်ချိုးကြနော်။ အ၀တ်အစားလဲကြ။ညစာ မစားရသေးဘူးမလား အန်တီပြင်ထားလိုက်မယ်။ပြီးရင် စားကြပေါ့။