Ep-25

596 44 12
                                    

သွန်းတစ်​​ယောက်​မထဘဲ ခက်​ကို​ဘေးနားထိုင်​ခိုင်းကာ ခက်​ရဲ့ ပုခုံး​ပေါ်ကိုခေါင်း​လေးတင်​၍မျက်​စိမှိတ်ပြီး ဇိမ်​ခံ​နေခြင်းပင်​။
(AN,သွန်းရဲ့ စာလုပ်​ကတာပင်​ပန်းသွားလို့ မျက်​စိအ​ညောင်း​ဖြေနည်း​ပေါ့ကွယ်​)

အင်း ဒီလို​နေရတာ​ကောင်းသားဘဲ။သွန်း​တော့သ​ဘောကျသွားပြီ။

ခက်​လည်း ဘာမှမ​ပြော​တော့ဘဲ ပြုံး​နေလိုက်​​လေသည်​။

🍃🍃🍃

လေ​အေး​​လေး​တွေ အနည်းငယ်​တိုက်​လာ​လေသည်​။မိုးပြန်​ရွာ​တော့မည်​ဖြစ်​​သော​ကြောင့်​ ​ကောင်းကင်​က မိုးအုံ့လာသလို တိုက်​​သော​လေမှာလည်း မိုး​ရွာခါနီး မိုး​ရေသယ်​​ဆောင်​လာ​သော​လေဖြစ်​သဖြင့်​ ​လေ​အေး​အေး​လေးဖြစ်​​လေသည်​။

သွန်း​လေး အိပ်​သွားပြီလား။မအိပ်​ရင်​လည်းထ​တော့ အိမ်​ထဲဝင်​ကြရ​အောင်​။မိုးရွာ​တော့မယ်​ထင်​တယ်​။လေ​​က​အေးစိမ့်​စိမ့်​နဲ့။ဆက်​ထိုင်​​နေရင်​ ​လေ​အေး​ကြောင့်​ဖျားရင်​ဖျား မဖျားရင်​​တောင်​ မိုးရွာလာရင်​စိုကုန်
လိမ့့်မယ်​။လိမ္မာတယ်​​နော်​ ထ။

အင်း ၀င်​ကြမယ်​။သွန်းကို ကူသယ်​​ပေးပါအုန်း စာအုပ်​​တွေကို။ဒီပန်းကန်​​တွေ​တော့ သွန်းသယ်​လာခဲ့မယ်​။

ဟုတ်​ပါပြီရှင်​။ပေး ဒီကိုစာအုပ်ေ​တွ
လာ အိမ်​ထဲဝင်​ကြမယ်​။

ခက်​တို့ဝင်​လာပြီး မကြာ မိုးရွာ​လေ​တော့သည်​။
သွန်း ပန်းကန်​​တွေ​ဆေးပြီးပြန်​ထွက်​လာ​တော့

စာအုပ်​​တွေ သွန်းအခန်းက စာကြည့်​စားပွဲခုံ​ပေါ်မှာတင်​​ပေးထားတယ်​။အ​နွေးထည်​အထူ​လေးထပ်​၀တ်​ထားအုန်း သွန်း​လေး။မိုးကပြန်​ရွာလာ​တော့​အေးလာပြီ။စာလုပ်​တုန်းကလည်း​အေးတဲ့​နေရာမှာစာလုပ်​ကြတယ်​။ဒီဧည့်​ခန်းထဲမှာလုပ်​တာမဟုတ်​ဘူး။ဖျားအုန်းမယ်​ အ​နွေးထည်​သွားဝတ်​ထား​တော့။

ဟီး ဟုတ်​ကဲ့ပါမမ။အခုချက်​ချင်းသွားဝတ်​လိုက်​ပါ့မယ်​။

❤Love❤Where stories live. Discover now