အဲ့နေ့ကစပြီးသွန်းနဲ့ ခက်လည်းပိုပြီးရင်နှီးလာသည်။တစ်ခါတစ်လေ ပိတ်ရက်တွေ တီဗီအတူတူထိုင်ကြည့်ဖြစ်သည်။သွန်းတစ်ယောက်လည်း ဆေးကျောင်းသူဖြစ်သောကြောင့် စာမေးပွဲ ခဏခဏစစ်သောကြောင့် ဖောင်းသောပါးလေးတွေတောင် သိပ်မရှိတော့ စာတွေကျက်ရတာ ပင်ပန်းသောကြောင့် ပိန်လာသည်။ပထမနှစ်စာမေးပွဲကြီးဖြေပြီးပြီးချင်း resultက ချက်ချင်းထွက်၍ တစ်လပိတ်သည် အမေနဲ့ တစ်ပတ်မန္တလေးသို့ခရီးထွက်သည်။ခုဆို ဒုတိယနှစ် တောင်တက်နေရပြီ။
(သိပ်မကျော်လိုက်ပါဘူး 😁 နည်းနည်းဘဲကျော်လိုက်တာပါ လိုရင်းရောက်အောင်)
💕💕Love💕💕
ကောင်းခန့်နဲ့ကျောင်းသို့ရောက်သောအခါ...
သွန်းဆက် canteenကိုသွားမယ် နင်ရောလိုက်အုန်းမလား။
လိုက်မှာပေါ့ဟ။ဘာလဲ နင့်ရဲ့မမလှလှတို့ ညီမလှလှတို့က လာကြတော့မှာဆိုတော့ ဒီသူငယ်ချင်းကို ပြစ်လိုက်တာပေါ့လေ။ ငကောင်း အကျင့်ကိုမကောင်းဘူး။အဲ့တာတွေကြည့်မရတာ။
ဘာ သွန်း။နင် ငါ့ကားနဲ့လိုက်လာပြီး ကားပေါ်ကတောင်မဆင်းသေးဘူး။ ခေါ်လာတဲ့လူကို မေတ္တာပျက်အောင် သိပ်လုပ်တာဘဲ ကားပေါ်က ကန်ချလိုက်လို့ ကြည့်လှသွားမယ်😏။
ငါပြောတာကို ဆုံးအောင်ဘယ်တော့မှ နားမထောင်ဘူး ထင်ရာစွတ်ပြီးပြောမနေနဲ့။ငါကလိုက်ရင်အတူတူသွားမယ်လို့ပြောမလို့😒။အဟဲ စိတ်လောသွားတယ် အချစ်ဆုံး သူငယ်ချင်းလေးကလည်း စိတ်မကောက်နဲ့တော့နော်။
ငါပြောတာလည်း မှန်တာဘဲကို နင်ကားပေါ်က ဆင်းပြီးမကြာဘူး လာကြတော့မှာလေ။ ဟယ်.. ကိုကောင်း..၊မောင်လေး၊နောက်ပြီး oppaလို့အော်တာတွေကရှိသေး။တစ်ချို့ senior မမတွေဆို မောင်လေးလာပြီလား။မမကမောင်လေးအတွက်လက်ဆောင်လေး လက်ခံပေးနော်။ညီမက အစ်ကို့အတွက်လက်ဆောင်လေးပေးချင်လွန်းလို့ လက်ခံပါနော်။oppaအတွက် ၀ယ်လာတာ ယူပါနော် အသံတွေက ပျားရည်လောင်းထားပြီး အမှီးညှက်နေလို့ ထွက်လာတဲ့ညှောင်နာနာအသံတွေနဲ့ အား..ချိုပြီးအီနေတာ အသံတွေက။ ကြာတော့ နားခါးလာရော။လက်ဆောင်တွေဆိုတာလည်း လက်ခံရလွန်းလို့ နောက်ဆုံး ဘေးကအတူပါတဲ့သူတောင် ၀ိုင်းဆွဲပေးရတဲ့အဖြစ်။(မိုက်တယ်နော် ငကောင်းက)
