ခရီးကပြန်ရောက်ကတည်းက ခက်ရောက်ချိန်ဆို သွန်းကကျောင်းသွားနေပြီ သွန်း ကျောင်းကပြန်လာလျှင် ခက်ကပြန်သွားပြီ။ဒီလိုနဲ့မတွေ့ဖြစ်တာ တစ်လပြည့်တော့မည်။
<အင်း.......ဒီနေ့မနက်လည်း ခါတိုင်းလိုဘဲဖြစ်လောက်မည်။ခုလောက်ဆို သွန်းလေးကျောင်းသွားရင်သွား မသွားရရင် ဆရာဝန်ကြီးများရဲ့ လက်တွေ့သင်ကြားမှုများကို လိုက်ရလိမ့်မည်။>
ဒီနေ့ မနက် ခက်တစ်ယောက်သွန်းတို့အိမ်သွားတာနောက်ကျသည်။ခွဲစိတ်မှု အကူ nurseအဖြစ် ခွဲခန်းဝင်ရသောကြောင့်ဖြစ်သည်။သွန်းတို့အိမ်ရောက်တော့ နေ့လည်၁၂နာရီတောင်ခွဲနေပြီ။ခက် ခြံထဲသို့ဝင်လာချိန် ခရေပင်အောက်က ကျောက်စားပွဲကြီးပေါ်တွင် သွန်းတို့သူငယ်ချင်းတစ်စု စာလုပ်နေကြလေသည်။
<သွန်းလေးကျောင်းမသွားဘူးဘဲ။စာလုပ်နေကြတာဘဲ။>
သွန်းတို့ကတော့ စာလုပ်နေသဖြင့် ခက်ကိုမတွေ့လိုက်။
ခက်လေး ဒီနေ့တော်တော်နောက်ကျပါလား။မနက်ထဲက အဖွားကမျှော်နေလေရဲ့။သွန်းလေးကလည်း မေးနေတယ်။
မုန့်ပန်းကန်တွေကို ဗန်းကြီးနှင့်ထည့်သယ်လာသော ကြီးမြကမေးလေသည်။ဟုတ်တယ်ကြီးမြရေ ဒီနေ့မနက်ပိုင်း ခွဲစိတ်မှုတစ်ခုဝင်ရလို့ နောက်ကျသွားတာ။ခက်သယ်ပေးမယ်လေ။
အို ရတယ် ရတယ်။ခက်လေး အဖွားဆီကိုသာသွားလိုက် မနက်ထဲကမျှော်နေတာ။ဒါတွေ ကြီးမြဘဲသွားပို့လိုက်မယ်။သွား သွား ခက်လေး။
ဟုတ်ကဲ့ ကြီးမြ။
အဖွား။ဆေးသောက်ရဲ့လား။
မြေးခက် လာပြီလား။သောက်ပြီးပြီကွဲ့။မြေးသွန်းလာတိုက်သွားတာ။ဘာလို့နောက်ကျတာလဲ မြေးခက်လေးရဲ့။
ဒီနေ့ မနက်ပိုင်း ခွဲခန်းဝင်ရတော့ နောက်ကျတာပါ အဖွားရဲ့။
![](https://img.wattpad.com/cover/141297936-288-k557618.jpg)