ဟင် မ..မမ...မမခက်😱😱 ဒီနေ့ကျတော့ နောက်ကျနေပြီ မပြန်သေးဘူးလား။
ဒီနေ့ မခက်ပြန်မရတော့ဘူး ဒီမှာအိပ်မှာ သွန်းမေမေက ပဲခူးဘက်ကို ချက်ချင်းသွားရမှာမလို့ သွန်းတို့ကို စိတ်မချလို့ မပြန်ပါနဲ့တဲ့ နေ့လည်ကဖုန်းဆက်တယ်။
❤❤❤👭❤❤❤
နေ့လည်တုန်းက..
☎🎶☎🎶
ကြီးမြရေ ဧည့်ခန်းထဲမှာ ဖုန်းမြည်နေတယ်။
ခက်ရေ သမီးဘဲသွားကိုင်လိုက်ပါ ကြီးကြီးက ပန်းကန်တွေဆေးနေတော့ လက်တွေပေနေတယ်။
ဟုတ်ကဲ့ ကြီးကြီးမြ။
📞ဟယ်လို အမိန့်ရှိပါရှင်။
ခက်လေးလား၊ ကြီးမြလား။
အော် အန်တီမေလား။ခက်ပြောနေတာပါအန်တီ ပြောပါရှင့်။
အေးသမီးရေ အန်တီအကူအညီတောင်းချင်လို့။ ဒီနေ့ သမီးအိမ်တန်းပြန်ရမဲ့နေ့မလား အဆင်ပြေသွားတယ် အန်တီအခုချက်ချင်း ပဲခူးကို သွားရမှာမလို့။ဟိုမှာအလုပ်ကိစ္စအရေးကြီးလို့ သွားရမှာမလို့ သမီးရယ် ခါတိုင်းကလူလွှဲပြီးသွားခိုင်းလိုက်လို့ရတယ်။ အခုကအရမ်းအရေးကြီးလို့ပါကွယ်။
ဟုတ်ကဲ့ အန်တီရပါတယ် ခက်အဆင်ပြေပါတယ်။(AN; ကလေးနဲ့တွေ့ရတော့မှာမလို့၊ဘယ်ရမလဲ မလွတ်ပါဘူး ကလေးရယ် ဒီကတည့်ကိုလုပ်ပေးအုန်းမှာ😎)
အဲ့တာဆို ဒါဘဲနော် သမီးခက်ရေ။ဖုန်းချလိုက်တော့မယ်။📞
💝💝Love💝💝
သွန်းကိုကျတော့ မပြောသွားဘူး မေမေက။ အဖွား ခဏနေ ညနေစာ စားကြမယ်နော် ဟုတ်ပြီလား ခဏလေးစောင့် ရေချိုးလိုက်အုန်းမယ်နော် ခဏနော်။🏃🏃(AN;ရှောင်ပြေးတာကြည့်စမ်း ကလေးစုတ်)
At room,
😒😒ဘယ်လိုလုပ်ရပါ့ တစ်နေ့လုံး ပတ်ပြေးတာ တည့်တည့်ကိုတိုးတာဘဲခုတော့။အင်း ဒါပေမဲ့ မမခက်ကြည့်ရတာတော့ စိတ်ဆိုးတဲ့ပုံတော့မပေါ်ပါဘူး ဟိဟိ တော်ပြီရေချိုးမှပါ။