မူလတန်းကျောင်းဝင်းသို့ရောက်ရောက်ြခင်း အဖွဲ့များဖွဲ့ပေးကာ ကုသရေးလုပ်ငန်းကိုစကြလေသည်။
ဆေးကုသရန် မူလတန်းကျောင်းသို့ရောက်
သော်ကုသမှုများကို စတင်ကြသည်နှင့်လာရောက်ပြသသောလူနာများအလွန်များသဖြင့် အကုန်အလုပ်ရှုပ်နေကြသည်။ခရီးတွင် ပါလာသော ဆရာဝန်ကြီးကလည်း စီနီယာဆရာဝန်များအား ဂျူနီယာဆေးကျောင်းသားများကို ကူညီသင်ပြရန် မှားကြားသဖြင့် ဘယ်သူမှ အငြိမ်မနေရ။ဆရာမလေးရယ် အဖွားခေါင်းတွေမူးမူးနေတာ လှေစီးလို့ လှိုင်းမူးသလိုမျိုး ရိပ်ရိပ်နဲ့ဖြစ်နေတာ တစ်လပြည့်တော့မယ်။
ဟုတ်ကဲ့ အဖွားသမီး စမ်းသပ်ကြည့်မယ်နော်။အင်း.... အဖွားက အသက်ရလာတော့ အိပ်ရေးမ၀တော့ အားနည်းနေတာပါ။သမီး အားဆေးထိုးပေးမယ်နော်။ခက် ငါ့ကို အားဆေးထိုးပေးဖို့ လုပ်ပေးအုန်း။
အင်းပါ ငါလုပ်ပေးမလို့ပါဘဲ မေရီမရယ်။
အဖွား အားရှိအောင် အားပြည့်မဲ့ အစားအစာကိုစားပေးရမယ်။အိပ်ပျော်အောင်လည်းအိပ်နော်။စိတ်ဖိစီးမဲ့ အကြောင်းတွေကိုသိပ်မတွေးနဲ့။ပဲအမျိုးမျိုးမှာလည်း အာဟာရဓာတ်တွေအများကြီးပါတယ် အသားဓာတ်လည်း ကြွယ်ဝတယ်။(AN;အဲ့တာကြောင့် ငါလေး တစ်ခါမှမပိန်တာ ပဲအမျိုးမျိုးကို စားလို့😊)အမဲသားက အားအင်ကိုအမြန်ပြည့်ဝအောင်လုပ်တဲ့နေရာမှာ အကောင်းဆုံးအသားဘဲ အဖွားရဲ့။အစားအစာကို ညီမျှအောင်စားရင် အဖွားသက်သာသွားမှာပါ။မပူနဲ့နော် အဖွား အသား၊ငါး၊ဟင်းသီးဟင်းရွက်ကို ညီမျှအောင်သာစားပေး အိပ်ရေးကိုလည်း ၀အောင်အိပ်ရမယ်နော် အဖွား။ကဲ သမီးဆေးထိုးပေးမယ်။
အားဆေးလည်းပေးလိုက်မယ်နော် အဖွား။ဒီဆေးကို တစ်နေ့ကိုတစ်လုံး ညနေ ထမင်းစားပြီးတိုင်း နာရီဝက်နေရင်သောက်ပေးရမယ်နော် မကုန်မချင်းနေ့တိုင်းသောက်နော။်
