သွန်းအမေ မွေးနေ့မတိုင်ခင်တစ်ပတ်ခန့်အလို
knock.. knock...
အန်တီ သမီး ခက်ပါ။ခဏလောက် ၀င်လို့ရမလား အန်တီ။
ဝင်လာခဲ့လေ ခက်လေး။အန်တီ လော့မချထားဘူး။
ဟုတ်ကဲ့ အန်တီ။
လာ ဒီမှာထိုင် ခက်လေး။ဘာပြောချင်လို့လဲကွဲ့။
ဟုတ် အန်တီ။သမီးပြောစရာရှိလို့ပါ။
ပြောပါသမီးရဲ့။ဘာအခက်အခဲရှိလို့လဲ။
အခက်အခဲတော့မရှိပါဘူး အန်တီ။အင်း နောက်အပတ် တနင်္ဂနွေ ကစပြီး သမီးဒီမှာ ဆက်မလုပ်နိုင်တော့ဘူး အန်တီ။သမီးတို့ နိုင်ငံခြားဆေးရုံတွေမှာ လေ့လာသင်ယူဖို့ စာမေးပွဲဖြေ
ထားတာ result မှာ သမီးပါတယ် အန်တီ။အဲ့ဒါ သွားရမှာမလို့။တစ်နှစ်ဖြစ်ချင်ဖြစ်မယ် သုံးနှစ်လည်းကြာချင်ကြာမှာမလို့ပါ အန်တီ။အိုး... ဒါသမီးအတွက် တက်လမ်းတွေအများကြီးဖြစ်လာနိုင်တာဘဲဟာ။သွားပေါ့ကွဲ့ ဒါအားနာစရာမဟုတ်ဘူးလေ မပူနဲ့ အဘွားလည်းကျန်းမာရေးကောင်းနေတာဘဲဟာ။အန်တီကြည့်စီစဉ်လိုက်မယ် ဟုတ်ပြီလား။ဒါနဲ့ ဘယ်ကိုလွှတ်တာလဲ အန်တီသိလို့ရမလား။
စင်္ကာပူကို ဗုဒ္ဓဟူးနေ့သွားရမှာပါ အန်တီ။အဲ့ကမှအတော်ဆုံးထပ်ရွေးပြီး
ဥရောပဘက်မှာ သွားပြီးဆက်လေ့လာနိုင်တယ်တဲ့။ကောင်းလိုက်တာကွယ်။သွားမဲ့သွားလည်း အကောင်းဆုံးဖြစ်ပါစေနော် ခက်လေး။နောက်မှ နောင်တမဖြစ်ရအောင် လုပ်ပါ ခက်လေး။အန်တီကိုတော့ အဆက်အသွယ်မဖြတ်နဲ့နော်။ဗီဇာရော အဆင်ပြေတယ်မလား သမီး။
ဟုတ်ကဲ့ပါ အန်တီ။သမီး အတတ်နိုင်ဆုံးကြိုးစားလေ့လာမှာပါ။ဟုတ်ကဲ့ အဆင်ပြေတယ် အန်တီ။
သမီးကို အန်တီလည်းပြောချင်တာရှိတယ်။နောက်မှပြောမယ်လို့ထားတာ။ခုတော့ ပြောဖို့ပိုဝေးပြီထင်ပါတယ်ကွယ် အချိုသာဆုံးပြုံးပြကာပြောလေသည်။
![](https://img.wattpad.com/cover/141297936-288-k557618.jpg)