အားလုံးဘဲ အရေးပေါ်ပါ။ရာသီဥတုမကောင်းလို့ ဒီနေ့ ညနေမပြန်ဖြစ်တော့ဘူး။ဒီနေ့ညတော့ ဒီမှာဘဲ အိပ်ရအုန်းမယ်။
ဟာ.... ဟင်....။
ကဲ နေကြပါအုန်း။ညနေပိုင်း မိုးအပြင်းအထန်ရွာမှာဆိုတော့ လမ်းမှာ ဒုက္ခရောက်နိုင်တယ်။လှည်းနဲ့ သွားရမှာဆိုတော့ မိုးရွာတဲ့အချိန်ဆို လှည်းလမ်းပျက်သွားရင် အန္တရာယ်ဖြစ်နိုင်တယ်။နားလည်ပေးကြပါ အားလုံးဘဲ။
ဟုတ်ကဲ့ပါ။
ဒါဆို အားလုံးပြန်နားနိုင်ပါပြီ။ညနေပိုင်း မီးစက်မောင်းရင် ဓာတ်မီးတွေကို အားသွင်းထားကြပါ။ဆီမလောက်တော့ ဒီနေ့က စောပြီးမီးစက်ပိတ်သွားနိုင်ပါတယ်။မိုးအရမ်းရွာရင် အဖွဲ့ဝင်တွေနဲ့ဘဲနေကြပါ။အပြင်သွားရင် တစ်ယောက်ထဲမသွားပါနဲ့။မီးမှောင်သွားရင် ချော်လည်းတာတွေဖြစ်မှာဆိုးလို့ပါ။မြွေပါးကင်ပါးအန္တရာယ်ကို သတိထားပေးကြပါ။ဒီလောက်ပါဘဲ။
ဟင်း.....အဲ့ဒါကြောင့်ပြောတာ ရန်ကုန်ဆေးရုံကြီးမှာ ဆင်းရင် ခုလောက်ဆို အိမ်ပြန်လို့ရနေပြီ။ခုတော့ မိုးရာသီကြီးဟာ အရမ်းကို စိတ်ပျက်ဖို့ကောင်း။ငါပြောသလိုမလုပ်ကြဘူး နင်တို့က။
ကောင်းမြတ်ရယ် နင်ကလည်း ဒီနေ့တစ်ရက်ဘဲဟာ။
သားကြီးရာ အေးဆေးပေါ့။မိန်းကလေးတွေတောင် မညည်းဘူး မင်းကလည်း။ခု ငါတို့ဒီကိုလာတော့လည်း ဗဟုသုတလည်းရတယ် သိစရာ၊မှတ်စရာတွေလည်းရတာဘဲဟာ။မဟုတ်ဘူးလား။
ယိကို😷 ညည်းတာမဟုတ်ဘူးကွ။ငါက ဒီအတိုင်းပြောတာကို။မင်းပြောတာလည်းမမှားပါဘူး ဟူး....။
အင်း ခုတောင် ကောင်းကင်က အုံ့မှိုင်းမှိုင်းနဲ့ မိုးကတော်တော်ရွာမှာမလို့ ရက်ရွေ့လိုက်တာဖြစ်မှာပါဟာ။ခုတောင် လေတိုက်တော့ ချမ်းစိမ့်စိမ့်နဲ့။
ဟုတ်တယ်နော် သွန်း အေးစိမ့်စိမ့်နဲ့။
ကောင်းမြတ်က အိမ့်အနားသို့ အနည်းငယ်ကပ်၍ သူတို့နှစ်ယောက်သာကြားလောက်လေသံနှင့်။