သွန်းမွေးနေ့ပြီး နှစ်ပတ်အကြာ
အန်တီ သမီးပြောစရာရှိလို့ ခဏ၀င်ခဲ့မယ်နော်။
ဝင်ခဲ့ခက်ရေ။အန်တီ စာရင်းလုပ်နေလို့။
ဟုတ်ကဲ့။
ကဲ.. ပြောသမီးခက်။
အန်တီ သမီး လေးရက်လောက် လာလို့မရဘူး။ပြည်ဘက်ကရွာတစ်ရွာကို ကျန်းမာရေးကွင်းဆင်းရမှာမလို့။
ဟုတ်လား။ဘယ်နေ့သွားမှာလဲသမီး။
သဘက်ခါ အန်တီ။မဖြစ်မနေ သွားရမှာမလို့ပါ အန်တီရယ် သမီး သူငယ်ချင်းတစ်ယောက်ကို လေးရက်လောက် လာပေးဖို့ပြောထားပြီးသား။
စိတ်ချရပါတယ် မိန်းကလေးဘဲ။အဆင်ပြေသွားတာပေါ့။အန်တီလည်း companyက ပစ္စည်းသစ်ကိစ္စနဲ့ အလုပ်ရှုပ်နေတာ ကြားကြားချင်း ရင်တောင်ပူသွားတယ်။
ခက်မလာရင် ဆေးတိုက်ပေးမဲ့လူက ရှိမှာမဟုတ်ဘူးလေ။ကျေးဇူးတင်ပါတယ် အန်တီ။ခက် အဖွားဆီသွားတော့မယ်။အန်တီလုပ်စရာရှိတာလုပ်ပါ။
အေးအေး သမီး။
💌💌💌
ကဲ ဆရာမတစ်ခုပြောချင်တယ်။နားထောင်ကြ။
နှစ်ခုရှိတယ်။ရွေးကြ အတန်းခေါင်းဆောင်ကို စာရင်းပေးကြ ပြီးရင်။ဲ သဘက်ခါ ကွင်းဆင်းကျန်းမာရေးတစ်ခု
သွားရမယ်။ဟိုရောက်ရင် ၀ိုင်းကူလုပ်ပေးရမယ် စီနီယာတွေ ဦးဆောင်မှုနောက်ကနေ။မိုးရာသီဆိုတော့ မဖြစ်မနေ မိုးကာတွေယူလာကြ ပြည်မြို့  ဘက်သွားရမှာ ရွာဆိုတော့ညဘက်မှောင်တယ် ဓာတ်မီးတွေပါသယ်လာကြပါ။ကျန်တာကတော့ ကိုယ်လိုအပ်မယ်ထင်တာလေးတွေ သယ်ကြပါ။ပြည်ဘက်မလိုက်ချင်တဲ့လူတွေက ရန်ကုန်ဆေးရုံကြီးမှာ လေးရက် လုပ်အားပေးရှိတယ်။အဲ့မှာသွားလုပ်ပေးရမယ်။
ကိုယ်ကြိုက်ရာရွေးကြနော်။မလုပ်မနေရ။အဲ့ကနေ ရလာတဲ့ အတွေ့အကြုံ၊ကျန်းမာရေးနဲ့ လိုအပ်မယ်ထင်တာတွေကို စာတမ်းပြုစုပြီးထပ်ရမယ်။အုပ်စုက ငါးယောက်တစ်ဖွဲ့။အတန်းခေါင်းဆောင် မနက်ဖြန်နေ့လည် လာပေးပါ။ဒါဘဲ ဆရာမပြောချင်တယ် ကဲဒီနေ့တော့ ဒီလောက်ဘဲ။နားလည်ကြလား။
ဟုတ်ကဲ့ပါ...။
အားလုံး စဉ်းစားပြီးရင် နာမည်စာရင်းလာပေးကြပါနော် အတန်းခေါင်းဆောင်က ပြောလိုက်လေသည်။နေ့လည် laboratory မ၀င်ခင် လာပေးလည်းရပါတယ်။
ဟဲ့ အိမ့် ဘယ်သွားမှာလဲ။
ရတနာရယ် ဝေးဝေးသွားရတာ ပိုကောင်းတာပေါ့။ပြည်ကိုသွားမယ်လေ။(ဒါဘဲလေ😉)
နင်တို့ကလည်း မှောင်တဲ့နေရာများသွားနေသေးတယ်။ရန်ကုန်ဆေးရုံကြီးဘဲသွားမယ်လေ။နီးနီးနားနား။
ဟဲ့ ကောင်းမြတ် ငါတို့မိန်းကလေးတွေတောင် ဝေးဝေးသွားမယ်ဆိုတာ နင်လည်း အတူလိုက်ရမယ် ဒါဘဲ။ဒါနဲ့ ကောင်းခန့် နင်ရော။
အန် ငါလား။ငါက သွန်းသွားတဲ့နေရာ။ဟဲဟဲ
အမလေးဟဲ့ မပြောချင်ဘူး။
မပြောချင်မပြောနဲ့ပေါ့ နင်တို့နှစ်ယောက်ကိုလည်း ငါဘာမှမပြောခိုင်းဘူး။
ထားပါတော့။သွန်း နင်ရော စဉ်းစားပြီးပြီလား။ဘယ်သွားမှာလဲ။ငါရဲ့ မောင်လေးပါ ပါရင်ကောင်းမယ် ရင်းနှီးမှုလေးယူလို့ရတယ်။ဟိဟိ။
နင်ကတစ်မျိုး အိမ့်ရယ်။ဒါနဲ့ သွန်း
ငါတို့ ငါးယောက် နေရာတူတူသွားရင် ငါးယောက်ကွက်တိဘဲ အုပ်စုလိုက်ဖွဲ့စရာမလိုတော့ဘူးလေ။နော် နော်။ငါ စဉ်းစားအုန်းမယ်ဟာ။မနက်ဖြန်မနက်မှပေးလည်းရတယ်ဆိုတော့ နာမည်စာရင်းက။
ကဲကဲ canteen သွားကြမယ်လာ။let go all my friends.နောက်မှ စဉ်းစားကြ lab၀င်ရအုန်းမှာနော်။goကြစို့။
အေးဟုတ်တယ် ဟုတ်တယ်။သွားကြစို့။
❤❤❤Love❤❤❤
အားလုံးဘဲသိကြလား ပြည်ဘက်ဆိုတာ ခက် သွားရမဲ့ နေရာဘဲဆိုတာ😊။မသိဘူးမလား😁။
သွန်းကရော ဘာကိုရွေးမလဲ ခန့်မှန်းကြည့်ပေါ့။
နေကောင်းကြလား။ဒီကတော့ နေမကောင်းလို့ ဆေးတွေသောက်နေရတယ်။အဲ့တာကြောင့် မရေးဖြစ်တာ။
နောက်ပြီး နားပူနားဆာ လာလုပ်မဲ့လူလည်းမရှိဘူးလေ။😐😐
