မေမေရေ အမေ့မြေးမရော။
သမီးပြန်လာပြီလား။သမီး မြေးသွန်းကို ခက်လေး အလုပ်ထွက်ပြီးနိုင်ငံခြားမှာ ပညာသွားသင်မှာပြောထားသေးလား။ခု ခက်လေးက နောက်နေ့အလုပ်မလာဖြစ်တော့ဘူးလို့ပြောပြီး ပြန်သွား ကတည်းက အခန်းထဲဝင်သွားတာ ပြန်ထွက်မလာတော့ဘူး။
ဟုတ် ခက်လေးကသူ့ဘာသာဘဲပြောမယ်တဲ့ မေမေ။သူတို့အချင်းချင်း အဆက်အသွယ်တော့ရှိကြမှာပါမေမေရဲ့။
နိုင်ငံခြားသွားလည်း Internet နဲ့ဆက်သွယ်ကြမှာပေါ့ မေမေရယ်။ပူမနေပါနဲ့ မေမေရေ အဆင်ပြေကြမှာပါ။ဒီကလေးတွေလည်း နားကိုမလည်တော့ပါဘူးအေ။
ကဲပါ မေမေရယ်။ထမင်းရော စားပြီးပြီလား။
စားပြီးပြီကွဲ့။
ကြီးမြနဲ့စားလိုက်တာလား။ဒါဆို သမီးအ၀တ်အစားသွားလဲပြီးရင် ဆေးလာတိုက်မယ်နော်။ခဏလေးစောင့်။
အေးအေး။
သွန်းအမေလည်းအပေါ်ထပ်ကိုတက်လာကာ အ၀တ်အစားလည်းပြီးပြန်ထွက်လာတော့ သွန်းအခန်းရှေ့ကိုသွားကာ
Knock Knock..
သမီး သွန်း ထမင်းစားပြီးပြီလား။
ဟင် အော် မေမေ သမီး ကောင်းခန့်တို့နဲ့ ပြန်လာတော့ ကြေးအိုးဝင်စားခဲ့လို့ ဗိုက်ပြည့်နေပြီ မေမေ။
သွန်းအမေလည်း သွန်းလေး တစ်ယောက်တည်းနေချင်မယ်ဆိုတာသိသောကြောင့်
အော် ဒါဆို မေမေ မ၀င်လာတော့ဘူးနော်။အဖွားကို ဆေးတိုက်ရအုန်းမှာမလို့။ဟုတ်ကဲ့ မေမေ။
★ ★ ★
မမခက်က တကယ်ဘဲ မလာတော့ဘူးပေါ့။မေမေလည်းဘာမှမပြောပုံအရဆို အမှန်ပြောသွားတာပေါ့။ဒါဆို ညနေကမမခက်ပြန်တော့ နောက်ကဘဲမြင်လိုက်ရတဲ့ အစ်ကိုကြီးနဲ့ မင်္ဂလာဆောင်တော့မှာပေါ့လေ။