သွန်းတို့ သွားရမည့်နေရာသို့ ရောက်သောအခါ နေအတော်စောင်းနေပြီ။
ကဲ ကလေးတွေ ငါတို့တွေ အကုန်လုံး ရွာဘုန်းကြီးကျောင်းက ဓမ္မာရုံမှာဘဲ အကုန်စုနေကြမယ်။ယောက်ျားလေးငါးယောက်ကတော့ ကျောင်းမကြီးမှာနေရမယ်။မိန်းကလေးငါးယောက်ကတော့ ဆရာမအတူဓမ္မာရုံမှာနေကြမယ်။ဟုတ်ပြီနော်။ယောက်ျားလေးတွေ ကျောင်းပေါ်မှာ ဆရာဝန်ကြီးတွေလည်းရှိတော့ သိပ်မဆူကြနဲ့နော်။မိန်းကလေးတွေလည်း ဒီလိုဘဲ ဓမ္မာရုံထဲမှာ ဆရာဝန်မတွေရှိတယ်။nurseတွေလည်းရှိတယ်နော်။စည်းကမ်းရှိရှိနေကြ။နောက်ပြီး ဒီမှာက ညနေ၆ခွဲကနေ ၁၀ခွဲထိဘဲ မီးစက်မောင်းပေးမှာဆိုတော့ မီးကအချိန်တိုင်းမရဘူးနော်။ဖုန်းသုံးရင်
ချင့်ချိန် ပြီးသုံးကြနော်။မြို့မှာလို လျှပ်စစ်မီးမဟုတ်ဘူးနော်။ဟုတ်ကဲ့ပါ.....။
ကဲ အားလုံး အထုတ်တွေချပြီး ထမင်းစားကြမယ်။ဆွမ်းစားဆောင်ကိုလာခဲ့ကြနော်။
ဟုတ်ကဲ့...။
ထမင်းစားသောက်ပြီးသွားသောအခါ တာဝန်ကျရာရွာသို့ အရင်ရောက်နေသောအဖွဲ့ထဲမှ အကြီးဆုံး ဆရာဝန်ကြီးက
အားလုံး မနက်ဖြန်မှာ ရွာထဲမှာ ကွင်းဆင်းကုသကြမယ်နော်ဆရာတို့နဲ့။ မင်းတို့တွေက လိုက်ကူညီပေးကြပါ။မင်းတို့သင်ထားတာတွေကို လက်တွေ့ကူညီနိုင်အောင်ကြိုးစားကြပါ။
ဟုတ်ကဲ့ပါ....။
ကဲ ဒါဆို ဒီနေ့တော့ နားလို့ရပါပြီ။မနက်ကျမှ စောစောထပြီး စကြတာပေါ့။ကဲသွားလို့ရပါပြီ အားလုံး။စားပြီရင် ပြောတာနော် ကလေးတို့။
ဟုတ်ကဲ့....😐😐။
အကုန်လုံးစားသောက်ပြီး ထထပြန်ကြလေသည်မှာ သွန်းတို့သူငယ်ချင်းအုပ်စုသာကျန်တော့သည်။သွန်းတို့ ထခါနီး စောစောက ဆရာဝန်ကြီးနဲ့ nurseထဲမှ အကြီးဆုံးnurseမကြီးတို့ စကားပြောနေသည်ကို သွန်းကြားလိုက်လေသည်။
