မှတ်မိနေသေးတယ် ကလေးအိမ်ကို စရောက်တဲ့နေ့ လေးကို တွေ့တွေ့ချင်း စကားပြောဆိုဆက်ဆံပုံပြေပြစ် ယဉ်ကျေးတဲ့ ကလေးကို အလုပ်လုပ်လာတဲ့ တစ်လျှောက် တွေ့ခဲ့ရသော ကလေးအားလုံးထက် ယဉ်ကျေးပြီး ချစ်ဖို့ကောင်းသည်ဟု တော်ရုံလူတွေကိုလိုက်မကြည့်ဘဲ အလုပ်ကိုသာအာရုံစိုက်သော ကျွန်မက ပထမဆုံး စိတ်ထဲက ချီးကျူးခဲ့ဖူးသည်။အန်တီမေကလည်း အဖေမရှိတော့တဲ့ ကလေးကို အရာရာသိမ်ငယ်မှုမရှိပျော်စေချင်သည။် ကလေးလို့ခေါ်တာကိုယ့်ဘာသာပြောရင်သာခေါ်တာ ရှေ့မှာတော့တစ်ခါမှမခေါ်ခဲ့ဖူးဘူး ကလေးနဲ့တွေ့ရတဲ့အကြောင်းရင်းကတော့....
အန်တီ မေသွန်းခင် လားရှင့် သမီးကသစ်ခက်နွယ်ပါ။
အော် သမီးလာလာ ဒေါက်တာဖုန်းဆက်ထားလို့ အန်တီအပြင်ထွက်စောင့်နေတာ လာအိမ်ထဲသွားရအောင။် အန်တီတို့က ဒီကိုပြောင်းလာတာ မကြာသေးဘူး နဂိုက ပြင်ဦးလွင်မှာနေတာ အဒေါ်ယောက်ျားဘဲ ဒီမှာလုပ်ငန်းကြောင့်နေတာများတာ ခုတော့ အန်တီယောက်ျားကဆုံးသွားတော့ အန်တီက လုပ်ငန်းတာဝန်ယူရတော့မယ်ဆိုတော့ ရန်ကုန်အပြီးပြောင်းလာရတာ အန်တီအမေက အသက်ကြီးလာတာ့ ဆေးသောက်ဖို့မေ့နေတတ်သလို ချော်လဲမှာလဲစိုးရိမ်လို့ ဘေးကထိန်းပေးရုံပါဘဲ။ အန်တီအမေကိုသေချာဂရုစိုက်ပေးပါနော်။ အန်တီ့သမီး သွန်းဆက်ကလည်း တက္ကသိုလ် တက်ရတော့မှာနဲ့ ခုသင်တန်းတက်နေတာနဲ့ သူ့အဖွားကို သိပ်အချိန်မပေးနိုင်တော့လို့ အန်တီကလည်း ကုမ္ပဏီ တစ်ဖက်နဲ့မလို့ကွဲ့။ အော်မေမေ ဒါက မေမေကို စောင့်ရှောက်ပေးမဲ့ nurseမလေး သစ်ခက်နွယ်တဲ့။ သမီးဒါက အန်တီအမေကွဲ့။
အန်တီကိုတော့ အန်တီမေလို့ခေါ်ပေါ့။ဟုတ်ကဲ့ပါ အန်တီမေ ဆရာဝန်ကြီးလဲပြောပါတယ်။သမီးအဖွားရင်းတစ်ယောက်လိုပြုစုပေးပါ့မယ။် ဂရုစိုက်ဖို့ ဆရာဝန်ကြီးကလည်းသေချာမှာလိုက်ပါတယ်။
![](https://img.wattpad.com/cover/141297936-288-k557618.jpg)