မမခက်ရေ ကြီးမြရော လာ သွားကြမယ်လေ။ဈေး သွားကြမယ်။
သွန်းလေး အကျီင်္ီလဲအုန်းလေ။ပြီးရင်သွားမယ်လေ။
မလဲတော့ဘူးလေ နောက်ကျမယ် သွားမယ် မမခက်ရဲ့ ပြန်လာမှလဲတော့မယ်။
ကဲပါ သဘော သွားကြမယ်။
ဈေးရောက်သော်....
ကြီးမြ ဒါဝယ်မလား။
သွန်းလေး မလိုဘူးလေ။
မမခက် ဒီငါးတွေ ချက်ရင်ကောင်းမလား။
ဟင်းက မလိုက်ဖက်ဘြဲဖစ်သွားလိမ့်မယ် သွန်းလေးရဲ့ မ၀ယ်နဲ့။လာ လာ သွားမယ်။ခက်အတင်းပြန်ဆွဲလာရသည်။
ကဲ ကြီးမြ ဒီမှာ ငါးကြင်းနဲ့ ငါးခူ၊ကြက်သားရယ် အားလူးရယ်ဝယ်လိုက်မယ်။ခက်ရေ သွန်းလေးနဲ့ ကန်စွန်းပလိန်းကြော်စားဖို့ ကန်စွန်းရွက်သွားဝယ်လိုက်။ကြီးမြလိုက်လာခဲ့မယ်နော်။
ဟုတ်ကဲ့ ကြီးမြ ကင်ပွန်းချဉ်ရွက်ရော ၀ယ်ထားလိုက်ရမယ်လေ။
ကောင်းတာပေါ့ ခက်လေးရယ်။ကြီးမြစိတ်ချမယ်နော်။
စိတ်သာချလိုက်ပါ ကြီးမြရဲ့။မမခက်ပါတာဘဲဟာ။လာမမခက်သွားကြမယ်။
မမဟိုမှာ ကန်စွန်းရွက်။
သွန်းလေး အဲ့တာကရင့်နေပြီ။နုတာလေးမှကောင်းတာ။
ရင့်တာက ဘယ်လိုကြည့်တာလဲ မမ။
ရိုးတံမှာကြည့်ရတယ် သွန်းလေးရဲ့။ရိုးတံက အဆစ်လေးတွေမှာ အမြစ်လေးတွေထွက်နေရင် အဲ့တာရင့်နေလို့ဘဲ။
အော် အဲ့လိုကို။
ကဲသိပြီဆိုတော့ ၀ယ်ကြစို့။
သမီးတို့ပြီးပြီလား။ပြန်ကြမယ်။ချက်ရအုန်းမှာနဲ့။
ဟုတ် ကြီးမြ စုံပြီဆိုတော့ ပြန်ကြမယ်လေ။
အိမ်ပြန်ရောက်သောအခါ
ကြီးမြ အသား၊ငါးတွေ ဆေးပေးမယ်။သွန်းလေးက ကန်စွန်းရွက်ကြော်ဖို့လုပ်ပေး။
