ဟယ် သွန်းလေး။😱
မမခက် ဒီမှာလာတွေ့တယ် အားပျော်လိုက်တာ😊 လှမ်းဖက်လေသည်။
သွန်းလေး နေကောင်းရဲ့လား အမလေးဖြေးဖြေးလုပ်ပါ သွန်းလေးရဲ့။ မတွေ့တာတောင်ကြာပြီ။
မမခက်က အစောကြီးပြန်ပြန်သွားတာကို။ဘယ်တွေ့ရတော့မလဲ။
ကဲ အထဲဝင်နှင့်။အိပ်ရာရော ခင်းပြီးပြီလား။(AN,သူခင်းပေးမလို့ထင်တယ်😝)
အင်းခင်းပြီးပြီ မမခက်ရဲ့။
အော် အင်းအင်း အနွေးထည်ဝတ်ထားအုန်း။ညဘက်ဆို အေးတယ်။မမခက် ဆရာဝန်ကြီးကို သွားတွေ့ရအုန်းမယ်။
ဟုတ်ကဲ့ သွားလေ မမခက်ရဲ့။စိတ်ချ အဟီး။
ခက်ထွက်သွားတော့မှ အိမ့်တို့ ၀င်လာသည်။
အချစ်လေး ခုနက မမလှလှလေးနဲ့ ဘယ်အချိန်က အဲ့လောက်ရင်းနှီးသွားရတာတုန်း။မှန်မှန်လိမ်စမ်း။
ဟုတ်ပ ပြောပါအုန်း ခိုခိုတို့ကိုပလစ်ပြီး အသစ်ရှာတာလား။စောစောထဲက မ၀င်သေးဘဲ လှမ်းကြည့်နေတာ လှမ်းတောင်ဖက်လိုက်သေး ချစ်လေးက။
တော်တန်တိတ် တကယ်ဘဲ။အဲ့တာ ငါ့မွေးနေ့တုန်းက နင်တို့မြင်ဖူးတဲ့အစ်မဘဲလေ အဖွားကြီးတို့ရဲ့။
အော် ဟိုအစ်မလား။မှတ်မိပြီ။မှတ်မိပြီ။ခိုခိုကိုပစ်ထားခဲ့တယ်ထင်လို့ ချစ်လေးရယ် စိတ်မကောက်လိုက်ပါနဲ့။
တော်တော့ဟာ။နင်တို့😒။
စိတ်မကောက်နဲ့နော်၊စိတ်မဆိုးပါနဲ့ဟာ။
အေးပါဟာ။ငါကရော ဘာပြောနေလို့တုန်း။သူများတွေကို အားနာကြအုန်း။
2 hours ago,
ကဲ ခက် ဘယ်မှာလဲ။babyသွန်းလေးက။
ဟဲ့ နင်ဘယ်လိုဖြစ်နေတာလဲ။အော်မနေနဲ့။ဟိုမှာ သွန်းလေးက သူ့သူငယ်ချင်းတွေဘေးမှာပေါ့။လာ ဆရာဝန်မဖြစ်နေပြီ အိနြေ္ဒနဲ့နေစမ်းပါ။ခုထိ ငယ်ငယ်ကအတိုင်း နေမနေနဲ့။