ခက်ထမင်းစားပြီးတာနဲ့ သွန်းနဲ့အတူ ဓမ္မာရုံကို ပြန်လာလေသည်။ကျန်တဲ့လူတွေကတော့ ညနေပိုင်းကုသမှုများအတွက် မူလတန်းကျောင်းဝင်းသို့ပြန်သွားကြလေသည်။
ကဲသွန်းလေး အိပ်လိုက်နော်။ဘေးမှာမမရှိတယ် စိတ်ချလက်ချအိပ်လိုက် ဟုတ်ပြီလား။မမခက်က သွန်းတို့ဘေးကို အထုတ်တွေနေရာပြောင်းအုန်းမယ်။မသိင်္ဂီတို့ကို မနက်ကပြောပြီးသွားပြီ။နေရာချိန်းပေးဖို့။
မအိပ်သေးဘူး သွန်းလည်း ကူလုပ်ပေးမယ်လေ။
မလုပ်ရပါဘူး။သွန်းက ခေါင်းမူးနေတာလေ သွားမအိပ်ရင်တောင် လှဲနေ။လိမ္မာပါတယ် သွန်းလေးက။
ဟွန့် ပြီးရော။
ခက်လည်း သူ့အ၀တ်ထုတ်နဲ့ မေရီရဲ့အ၀တ်ထုတ်တွေကိုနေရာရွှေ့လေသည်။ခက်ရဲ့အ၀တ်ထုတ်တွေကတော့ လှဲအိပ်ကာ မအိပ်ဘဲ မိမိကိုလိုက်ကြည့်နေသော သွန်းရဲ့ဘေးတွင်ချလိုက်လေသည်။နေရာပြောင်းပြီးသော် သွန်းဘေးနားတွင် ထိုင်လိုက်လေသည်။
သွန်းလေး အိပ်သေးဘူးလား ခုထိ။ခေါင်းအရမ်းမူးနေလို့လား။မှန်းစမ်း ဖျားနေလို့လား သွန်းရဲ့နဖူးကိုလက်ဝါးနဲ့ကပ်ကြည့်လေသည်။
အိပ်လို့မရလို့။မမခက်လည်း တူတူအိပ်လေ။လှဲလိုက်။
မမကထိုင်စောင့်ပေးမယ်။မမဘယ်မှမသွားဘူး အိပ်လိုက်နော်။
ခဏအကြာ သွန်းလေအိပ်ပျော်သွားလေသည်။
သွန်းလေးရယ် တကယ့်ကလေးဘဲ ဟက်^_^။
ခက်လည်း ခဏအကြာတွင် ထိုင်လျှက်နဲ့ တစ်ချက်ငိုက်သွားလေသည်။A few minute,
ခက်ပြန်နိုးလာလေသည်။ဟင် ငါအိပ်ငိုက်သွားတာဘဲ။သွန်းလေးကတော့ အိပ်မောကြနေပါလား။အင်း ငါလည်း ပြန်အိပ်မသွားအောင် တံမြက်စည်းလှဲအုန်းမှပါ။
