Ep-30

466 35 5
                                    

ဘာလိုလိုနဲ့ နှစ်​​တွေလ​တွေ​ပြောင်း​ကာ ခက်​လည်း တစ်​​နေရာမှတစ်​​နေရာ သွားပြီး​လေ့လာလို့မဆုံးနိုင်​တဲ့ ​လောကနိယာမအတိုင်း ​လေ့လာခဲ့တာ အမိမြန်မာပြည်ကိုပြန်​မ​ရောက်​တာကြာခဲ့​လေပြီ။အင်း ၁၀နှစ်​​တောင်​ပြည့်​​တော့မည်​။စင်္ကာပူက​နေ ကိုရီးယားက​ဆေးရုံသို့​ပြောင်းရသည်​။ထိုမှတစ်​ဆင့်​ထိုင်းကဆေးရုံသို့သွားရသည်​။စင်္ကာပူမှာ ပညာသင်​ယူပြီးထဲက ​အချိတ်​အဆက်​လုပ်​ပေးပြီးလွှတ်​​သော​ကြောင့်​ တာဝန်​နဲ့​စေလွှတ်​သလိုပင်​ ပင်​ပန်းလှသည်​။ထိုင်းမှာတာဝန်​ကျ​နေရင်း ပထမဦးဆုံး ဥ​ရောပဘက်​ကို​​ပြောင်းပြီးထဲက မြန်​မာကိုပြန်​ဖို့ အလှမ်းအ​တော်​​ဝေး​နေသည်​။မေရီနဲ့လည်း စင်္ကာပူမှာ သင်​ယူပြီးထဲက တာဝန်​ကျတာ ကွဲသွားပြီး ဥ​ရောပဘက်​​ရောက်​မှပြန်​​တွေ့​လေသည်​။

ခု​တော့​မေရီက သြစ​တေးလျဘက်​သို့ နှစ်​လ​လောက်​ သွားရမည်​ဆိုပြီး လာနှုတ်​ဆက်​သွား​​လေသည်​။ခက်​တစ်​​ယောက်​က​တော့ 
ပြင်သစ်​က​ဆေးရုံမှာကျန်​ခဲ့​လေသည်​။
ခက်​​မေမေက​တော့ အစ်​ကိုမိသားစုနဲ့ပင်​​နေ​လေသည်​။အတူ​နေရ​အောင်​​ခေါ်လျှင်​လည်း ဘာသာစကားအခက်​အခဲပတ်​၀န်းကျင်​မတူ၍မ​နေချင်​ဟု အမြဲငြင်း​လေသည်​။

အင်း သွန်း​လေး က​တော့ သွန်းအ​မေနဲ့အဆက်​အသွယ်​မပြတ်​​သော​ကြောင့်​ ​ကျောင်းပြီးကာ ဆရာဝန်​မကြီးတစ်​​ယောက်​ဖြစ်​သွားပြီတဲ့။အဖွားက​တော့ ခက်​ထွက်​လာပြီးတစ်​နှစ်​ခွဲကြာ​တော့ လူကြီး​ရောဂါနဲ့ ဆုံးသွားသည်​တဲ့။က​လေးတစ်​​ယောက်​ဘယ်​​လောက်​​တောင်​၀မ်းနည်း​နေမည်​နည်း။တစ်​ခါတစ်​​လေ အန်​တီက ပုံ​လေး​တွေပို့​ပေးသည်​။ပင်​ပန်း
ချိန်​တိုင်း ပုံ​လေး​တွေသာကြည့်​ရင်း ကြံ့ကြံ့ခိုင်​​အောင်​​နေရသည်​။

သွန်း​လေးက​တော့​နေနိုင်​သည်​ တစ်​ခါမှ ဆက်​သွယ်​ခြင်းမရှိသလို facebook accountပါ ရှာမ​တွေ့​တော့။မေရီက​တော့ တစ်​ခါတစ်​​လေ သွန်း​လေးနဲ့အဆက်​အသွယ်​မလုပ်​ဘူးလား​မေးလျှင်​ ​ခေါင်းသာ ခါမိ​လေသည်​။ကိုယ့်​ဘက်​ကလည်း စပြီးမဆက်​သွယ်​ဖြစ်​ ပိုပြီးလွမ်းရမည်​ ဆိုး​သော​ကြောင့်​။မေရီကလည်းဘာမှ ဆက်​မ​ပြော​တော့။

❤Love❤Where stories live. Discover now