Ep.2

1.2K 77 4
                                    

That's Our Destiny
~~~~~

"သူက Ju Hyun Noona ပဲ။ မင်းအစ်ကိုနဲ့ လက်ထပ်မယ့်ကောင်မလေး။မင်းရဲ့မရီးလောင်း"

"Bae Ju Hyun ပါ"

"Son..Son Seung Wan ပါ Noona"

သူတို့စားစရာတွေမှာလိုက်ပြီးစားရင်းသောက်ရင်းလူ
ကြီးတွေကစကားပြောနေကြသည်။

သူ့အစ်ကိုကတော့ယောက္ခမလောင်းနဲ့ဇနီးလောင်းကို ပထမဆုံးတွေ့တာကိုမိနစ်30လောက်တောင်နောက်
ကျနေတယ်လေ။

*တကယ်ပါပဲ..Hyungတို့ကတော့ဘယ်လောက်
တောင်အသုံးမကျလိုက်သလဲနော်*

သူစိတ်ထဲမှာသူ့အစ်ကိုကိုပြောနေမိသည်။

*လူတစ်ယောက်ကိုချိန်းထားပြီးတော့အချိန်အကြာ
ကြီးစောင့်ခိုင်းရတာယဉ်ကျေးမှုမရှိဘူးဆိုတာသူသိရဲ့
သားနဲ့။ ဒါနဲ့Noonaကငါ့ထက်အသက်ကြီးတဲ့ပုံ
လည်းမပေါ်ပါဘူး*

နေရထိုင်ရခက်နေတဲ့ပုံနဲ့ Ice teaသောက်နေတဲ့သူ့ အရှေ့မှာထိုင်နေတဲ့ကောင်မလေးကိုမကြည့်မိအောင် သူကြိုးစားလိုက်သည်။

သူတို့မိဘတွေကတော့ရယ်မောလျက်စကားတွေပြော နေကြသည်။

စပြီးမမိတ်ဆက်ခင်ကအစ်ကိုဖြစ်သူရဲ့ဇနီးလောင်းကို
ငမ်းမိတော့သူ့ကိုယ်သူမကောင်းတဲ့ကောင်လိုလိုခံစား နေရသည်။

*Hyung ဘယ်ရောက်နေတာလဲကွာ*

Seung Wanလည်းသူမကိုအားနာမိလာတာနဲ့ လည်ချောင်းရှင်းသလိုလုပ်လိုက်ပြီးသူမပျင်းနေမှာစိုး
လို့စကားစပြောဖို့ဆုံးဖြတ်လိုက်သည်။

"စားလို့ကောင်းရဲ့လားNoona? ဒီနေ့ရာသီဥတု
ကပူတယ်နော်"

ထိုအာလာပသလ္လာပစကားတွေစမပြောခင်မှာသူမဆီ
ကနေတစ်ခုခုကိုတိုးတိုးနဲ့ဗလုံးဗထွေးပြောလိုက်တာ
ကိုကြားလိုက်ရသည်။

"အဲ့လောက်ဆိုးဆိုးသွမ်းသွမ်းကြီးမဟုတ်ဘဲလူယုတ်
မာကောင်လို့ပြောမိတာတောင်းပန်ပါတယ်"

သူထိုစကားကြားပြီးမပြုံးမိအောင်ကြိုးစားရင်း

"ကျွန်တော်ပြန်စဉ်းစားရမယ်ဆိုရင်ကျွန်တော့်ကိုခေါ်
တာ နှာဘူးကောင်၊ တဏှာရူး၊ လူယုတ်မာပါ"

That's Our DestinyWhere stories live. Discover now