Ep.5

712 72 15
                                    

That's Our Destiny
~~~~~

Seung Wan နောက်နေ့မှာလည်းထပ်ပြီးတော့
Ju Hyun ဆိုင်ကိုရောက်လာပြန်သည်။

Ju Hyunဆီသွားရမယ့်ကိစ္စကသူ့အတွက်နေ့စဉ်
အလုပ်လိုကိုဖြစ်လာသည်။

သူ့ရဲ့များပြားလှတဲ့ Scheduleတွေထဲကမှအချိန်
မရရအောင်ရှာပြီးတစ်ပတ်တစ်ခါလောက်တော့သွား
လေ့ရှိသည်။

တစ်ခါခါကျရင်တစ်ပတ်ထဲမှာကိုမကြာမကြာသွားလေ့
ရှိ်သည်။

သွားပြီဆိုရင်လည်းသူမတို့ဆိုင်သိမ်းခါနီးအချိန်တွေကို
သွားတတ်သည်။

သူမနဲ့ JiSoo ကိုခုံတွေသိမ်းတာတို့၊ စားပွဲသိမ်းတာ
တို့ကူလုပ်ပေးသည်။

စစချင်းတုန်းကတော့သူ့ကိုအဲ့တာတွေမလုပ်အောင်
Ju Hyun တားပေမယ့်လည်းသူကတော့ရောက်
တာနဲ့သူ့ shirtကိုလက်ခေါက်တင်လိုက်ပြီး Ju
Hyun စကားကိုနားမထောင်ပဲသူလုပ်နေတာကို ဆက်လုပ်နေတတ်တယ်လေ။

ကြာတော့ Ju Hyunလည်းဘာမှပြောမနေတော့
တော့ပဲသူလုပ်ချင်တာသာလုပ်တော့ဆိုပြီးလွှတ်ထား
လိုက်တော့သည်။

JiSoo နဲ့တခြားဝန်ထမ်းတွေကစစချင်း Seung
Wan ကိုသူမရဲ့သတို့သားလောင်းလို့ထင်ခဲ့ကြတာ။

သူမလည်းရှက်ရှက်နဲ့ပဲ Seung Wan ကသူမရဲ့ မတ်လောင်းပါလို့ပြောယူလိုက်ရသည်။

လူတိုင်းကဘာကြောင့်ဒီလိုထင်ကြလဲဆိုတာကိုသူမ
နားလည်ပါတယ်။ သူမရဲ့မတ်ဆိုတဲ့လူကသူမ ဆိုင်ကို
မကြာမကြာလာပေမယ့်လည်းခင်ပွန်းလောင်းဆိုတဲ့သူ
ကဒီကိုတစ်ခါလေးမှမျက်နှာတောင်လာမပြဖူးဘူးလေ။

ဝန်ထမ်းတွေကသူမကို ဘာဖြစ်လို့သူမရဲ့သတို့သား
လောင်းကဆိုင်ကိုမလာတာလဲ လို့မမေးတာကိုသူမ ကျေးဇူးတင်မိသည်။

အဲ့လိုသာမေးလာခဲ့ရင်သူမကိုယ်တိုင်လည်းဘယ်လို
ပြန်ဖြေရမှန်းမသိဘူးလေ။

"နင့်ရဲ့မောင်အတုလေးကထပ်ရောက်လာပြန်ပြီ"

သူတို့ဆိုင်မပိတ်ခင် Counterကိုသန့်ရှင်းရေးလုပ်
နေတဲ့အချိန်မှာ Seung Wan လာတာကို JiSoo မြင်တော့ခနဲ့တဲ့တဲ့ဖြင့်ပြုံးရင်း Ju Hyun နားကိုတိုး
တိုးလေးကပ်ပြောလိုက်သည်။

That's Our DestinyWhere stories live. Discover now