Ep.22

710 77 10
                                    

That's Our Destiny
~~~~~

Ju Hyun ဆိုင်သိမ်းဖို့ကိုJiSoo လက်ထဲကိုပဲလွှဲခဲ့
လိုက်ပြီးအိမ်ပြန်ဖို့အတွက်ကားပါကင်ကိုလျှောက်လာခဲ့
သည်။

သူမအခုပျော်နေပြီးလေထဲမှာလွှင့်နေသလိုပင်ခံစားနေရ
သည်။အဲ့ဒါကသူမ Seung Wanမသိအောင်လျှို့ဝှက်
ထားတဲ့ကိစ္စတစ်ခုထဲကြောင့်ရယ်မဟုတ်ဘဲမနက်ဖြန်ည
ကျရင် Seung Wan အိမ်ပြန်လာတော့မှာမို့လို့လေ။

Ju Hyunလမ်းလျှောက်နေရင်းအိတ်ထဲကကားသော့

ကိုငုံ့ပြီးနှိုက်လိုက်တဲ့အခါမှာချောင်းဟန့်သံတစ်သံကရုတ်
တရက်ထွက်လာတော့သူမမော့ကြည့်လိုက်သည်။

အရပ်ရှည်ရှည်နဲ့ပခုံးကျယ်ကျယ်ယောက်ျားတစ်ယောက်
ကသူ့ Audi ကိုမှီပြီးရပ်နေတာကိုမြင်လိုက်တဲ့အခါမှာ
သူမခြေလှမ်းတွေတုန့်ခနဲရပ်သွားသည်။

သူတို့မျက်လုံးချင်းဆုံသွားတဲ့အခါမှာတော့ Ju Hyun ရုတ်တရက်အံ့ဩပြီးလန့်သွားကာ

*Seung Wanလား?*

"ဘုရားရေ !"

Ju Hyun သူလွယ်ထားတဲ့အိတ်ကိုပစ်ချလိုက်ပြီး Seung Wan နားကိုပြေးသွားလိုက်သည်။

Seung Wan ကလည်းရယ်ရင်းနဲ့သူ့ရင်ခွင်ထဲကို
Ju Hyun ဝင်လာလို့ရအောင်လက်နှစ်ဖက်ကိုဆန့်
ထားလိုက်သည်။

သူ Ju Hyun ကိုဖမ်းလိုက်ပြီးလက်တစ်ဖက်ကို Ju
Hyun ရဲ့ခါးကိုဖက်ထားပြီးကျန်တဲ့တစ်ဖက်ဖြင့်ခေါင်း
ကိုကိုင်ထားသည်။ Seung Wan က Ju Hyun
ကိုချီပြီးဖက်ထားသလိုဖြစ်တော့ Ju Hyun မြေပြင်က
နေ ၃လက်မလောက်ကြွပြီးတန်းလန်းလေးဖြစ်နေသည်။

Ju Hyun ရဲ့လက်ကသူ့လည်ပင်းကိုဖက်ထားလိုက်
ကာ

"ပြန်ရောက်နေတာ? ဘယ်လို?မနက်ဖြန်မှပြန်လာမယ် ထင်နေတာ…အိုး"

"ကိုယ် Babyကို surprise လုပ်ချင်တာနဲ့မနက်
စောစော Flightနဲ့ပြန်လာပြီးArjushi ကိုလာကြို
ခိုင်းလိုက်တာ။ ပြီးတော့Arjushi ကိုဆိုင်မှာဘဲချခိုင်း
လိုက်ပြီးကိုယ့်အထုတ်တွေကိုအိမ်ကိုယူသွားခိုင်းလိုက်
တယ်"

That's Our DestinyWhere stories live. Discover now