Ep.13

833 63 19
                                    

That's Our Destiny
~~~~~

Seung Wanကအရမ်းကိုချောလွန်းပြီးပြည့်စုံနေ
တဲ့ယောကျာ်းတစ်ယောက်မို့သံလိုက်တုံးလိုမျိုးသူ့ကို မိန်းကလေးတိုင်းကလိုက်ကပ်ချင်ကြတာလေ။

Seung Wan အပေါ်အဲ့လိုလုပ်တာတွေကို Ju Hyum ကိုယ်တိုင်လည်းလုံးဝကိုမကြိုက်ဘူး။

Ju Hyun သဝန်တိုပြီဆိုရင်ချစ်စရာကောင်းအောင် မျက်မှောင်ကျုံ့တတ်တာကိုSeung Wan သတိ
ထားမိခဲ့သည်။

"Yah..တကယ်ပါပဲ"

Ju Hyun သက်ပြင်းချလိုက်ပြီး

"ငါ့ဟာငါလုပ်နိုင်ပါတယ်"

Seung Wan ပြုံးလိုက်ပြီး Ju Hyun ကိုလုံခြုံ
ရေးခါးပတ်ပတ်ပေးတာကိုဆက်လုပ်နေလိုက်သည်။

သူတို့ Honeymoon အတွက် Bali ကိုသွားဖို့
လေယာဉ်ရဲ့အထူးတန်းကိုရောက်နေပြီးလေယာဉ်က
ထွက်တော့မှာမို့အသင့်ပြင်နေကြတာလေ။

"Baby..မင်းကိုကိုယ်ဒီလိုလုပ်တာပေးတာကိုနေသား
ကျဖို့လိုတယ်လေ"

Ju Hyun အံ့သြလွန်းလို့ခေါင်းပဲခါလိုက်တော့သည်။
သူတို့လက်ထပ်ပြီးတာ 3ရက်လောက်ပဲရှိသေးပေမယ့်
လည်းသူမခေါင်းထဲမှာတော့အချိန်တော်တော်တောင်
ကြာခဲ့သလိုကိုခံစားနေရသည်။

Ju Hyun အရှေ့ကိုလှမ်းကြည့်လိုက်တော့လှပတဲ့ လေယာဉ်မယ်တစ်ယောက်လျှောက်လာတာကိုတွေ့ လိုက်သည်။လေယာဉ်မယ်ကဘယ်ကိုကြည့်လိုက်ညာ
ကိုကြည့်လိုက်နဲ့ခရီးသည်တွေခါးပတ်တွေသေချာပတ်
်ထားရဲ့လားဆိုပြီးလိုက်ကြည့်နေတာ။

ဒါပေမယ့်အဲ့လေယာဉ်မယ်ကSeung Wanကိုတွေ့
လိုက်တဲ့အခါမှာတော့သေချာတောင်မစစ်တော့တာကို
Ju Hyun မြင်လိုက်သည်။

အဲ့ဒီလေယာဉ်မယ်ကသူမရဲ့ပြန့်နေပြီးသားအင်္ကျီကိုဆွဲ
ချလိုက်ပြီးသူတို့ထိုင်ခုံအတန်းနားရောက်လာတာကို
Ju Hyun မျက်မှောင်ကျုံ့ပြီးကြည့်နေလိုက်သည်။

Ju Hyun မျက်လုံးထောင့်ကနေSeung Wan
ကိုကြည့်လိုက်တဲ့အခါမှာတော့ Seung Wan က သူနေနေကျမျက်နှာအမူအရာအတိုင်းပျင်းစရာကောင်း
သလို ခံစားချက်မရှိသလိုမျက်နှာထားနဲ့နေနေသည်။

That's Our DestinyWhere stories live. Discover now