Ep.7

723 73 12
                                    

That's Our Destiny
~~~~~

"Seung Wan.."

Ju Hyun မျက်မှောင်ကျုံ့လိုက်ပီးသူမလက်တွေက
လည်းလက်သီးဆုပ်အသွင်ကိုပြောင်းသွားခဲ့သည်။

Seung Wan တိတ်တိတ်ကလေးပဲသူမကိုကြည့်
နေသည်။ သူမလည်းမမြင်ချင်ယောင်ဆောင်လိုက်ပြီး
ကားlock ကိုနှိပ်လိုက်သည်။

သူမ Seung Wanရဲ့နောက်ကကားတံခါးဆီကို
သွားဖို့လုပ်ပေမယ့်လည်း Seung Wanကနည်း
နည်းလေးတောင်မဖယ်ပေးပေ။

သူမအံကြိတ်လိုက်သည်။ သူမအခု Seung Wan
ရဲ့လူဆိုးလိုလို လူမိုက်လိုလိုပုံစံကိုဖြေရှင်းဖို့ခံစားချက်
ကမရှိဘူးလေ။

လွန်ခဲ့တဲ့နှစ်ပတ်တုန်းကသူမအရူးတစ်ယောက်လိုမျိုး
သူမကိုအဖက်မလုပ်တဲ့သူ့ဆီအကြိမ်ကြိမ်ဆက်သွယ်
ခဲ့သည်။

သူမ Seung Wanရှေ့မှာရပ်လိုက်တော့ Seung Wan ကသူမကိုစူးစိုက်ပြီးပြန်ကြည့်တဲ့အခါမှာသူမစိတ် ပျက်လက်ပျက်နဲ့သက်ပြင်းချလိုက်သည်။

"ဖယ် !"

သူကသူမစကားကိုဂရုမစိုက်ပဲစိုက်ကြည့်နေတော့သူမ
သက်ပြင်းထပ်ချလိုက်ပြီးကားမောင်းပြီးထွက်သွားလို့ရ
အောင်ကားတံခါးရှေ့က Seung Wan ကိုရှိသမျှ
အားနဲ့တွန်းလိုက်သည်။ ဆိုးတာက Seung Wan တုပ်တုပ်တောင်လှုပ်မသွားဘူးလေ။

"Yah! ငါဖယ်လို့ပြောနေတယ်လေ"

"မင်းရဲ့ဖုန်းတွေကိုလျစ်လျူရှုထားခဲ့အတွက်တာင်းပန်
ပါတယ်"

Seung Wan ရဲ့အသံကြားတဲ့အခါမှာသူမတံတွေး
မျိုချလိုက်ပြီးခဏလောက်မျက်စိမှိတ်လိုက်သည်။

သူမ သူ့ကိုသတိရနေခဲ့တယ်။ အဲ့လိုသတိရနေမိတဲ့ သူမကိုယ်သူမလည်းမုန်းနေမိသည်။ Seung Wan
ရဲ့အပြုအမူပေါ်မှာသူမနာကျင်ပြီးဝမ်းနည်းခဲ့ရတယ်လေ။

သူမ ခပ်အေးအေးအသံနဲ့ပဲပြန်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်ပါ Seung Wan…"

That's Our DestinyWhere stories live. Discover now