That's Our Destiny
~~~~~"၂ပတ်ကြီးတောင် !!"
Seung Wan သူ့မျက်စိရှေ့ကသူ့အဖေကမ်းပေးတဲ့
စာရွက်စာတမ်းကိုကြည့်ကာမျက်မှောင်ကျုံ့လိုက်သည်။"အင်း"
"ဒီဟာက Amber Liu တာဝန်လေ။သူက..."
Seung Wan အဖေတစ်ချက်ရယ်လိုက်ကာ
"သူဒီနေ့ကစပြီးအရေးပေါ်ခွင့်ယူထားတယ်"
*အဲ့ဒါကြောင့်ဒီနေ့ Senior Marketing Manager Liu ကိုဘယ်မှာမှမတွေ့တာကိုး*
"မြန်လှချည်လား။သူ့မိန်းမ due date ကနောက်လ
မှမဟုတ်ဘူးလား?""ကလေးကမြန်မြန်ထွက်လာတာတဲ့"
Mr.Son သူ့သားမျက်နှာပေါ်ကစိတ်ပူနေတဲ့အမူအရာ
ကိုမြင်တော့ပြုံးလိုက်သည်။"Amber ပြောတာတော့ကလေးရော အမေရော
ကျန်းမာတယ်တဲ့။နောက်မှမင်းတို့ကလေးကိုသွားကြည့်
ကြပေါ့။ အဲ့ခါကျ Ju Hyun ကိုပါခေါ်သွားလိုက်"သူ့မိန်းမနာမည်ကိုသူ့အဖေပြောတော့မှသူ့ရဲ့အဓိကအ
ကြောင်းအရာကိုပြန်သတိရသွားသည်။Seung Wan ကပြည်တွင်း branchတွေကိုဦးစီး
ပြီး Amber ကတော့သူတို့ရဲ့နိုင်ငံခြားလက်ခွဲတွေကို
ဦးစီးနေတာလေ။အခုတော့ Amber ကအရေးတကြီးခွင့်ယူလိုက်တာ မို့သူရဲ့လုပ်နေကျ project ကိုဆက်လုပ်ဖို့အတွက်
Mr.Son က Seung Wan ကို အတင်းအကြပ် နိုင်ငံခြားကိုလွှတ်နေတာ။သူလူပျိုဘဝတုန်းကဆို NYမှာ ၂ပတ်လောက်နေရတာ
ကကိစ္စမရှိပေမယ့်အခုတော့သူ့မှာJu Hyunရှိနေတော့ အရင်ကနဲ့မတူတော့ပဲဟိုမှာအလူးအလဲနေရတော့မည်။သူတို့လက်ထပ်ပြီးတော့ ၃လလောက်ပဲရှိသေးပေမယ့် ဒီရှက်တတ်ပြီးချောမောလှပတဲ့မိန်းကလေးကသူညတိုင်း
အခ်ျိန်မှန်ပြန်လာချင်တဲ့နေရာနဲ့ သူ့ကိုပြည့်စုံမှုတွေပဲဖန်
တီးပေးတဲ့သူ့အတွက်အိမ်တစ်ခုလိုဖြစ်နေခဲ့ပြီ။