That's Our Destiny
~~~~~"ဘာ...Ju Hyun ကအခုအချိန်ကို January
လလို့ပဲထင်နေတာလား? သူ photoshootကိစ္စ
နောက်ပိုင်းတွေကိုဘာမှမမှတ်မိဘူးလား? မင်းနဲ့လက်
ထပ်တာကိုရော ကိစ္စအားလုံးကိုရောမမှတ်မိတာပေါ့? မင်းအဖြစ်ကလည်း dramaထဲကဇာတ်ညွှန်းတွေ
လိုပါပဲလား...Wanရယ်"Seung Wam VIP hall ထဲကခုံတန်းတစ်ခုမှာ
မျက်လုံးမှိတ်ပြီးနံရံကိုမှီကာထိုင်နေမိသည်။သူ့ခေါင်းထဲမှာတဆစ်ဆစ်နဲ့ကိုက်လာပြီးသူ့နှလုံးသား
ကလည်းတစ်စဆီဆွဲစုတ်ခံလိုက်ရသလိုဖြစ်နေသည်။သူ Ju Hyun အခန်းထဲကထွက်လာပြီးကတည်းက တစ်နာရီကျော်လောက် VIP hall ရဲ့ထောင့်တစ်နေ
ရာမှာဘယ်သူမှမတွေ့အောင်ပုန်းနေစဉ် Seulgi ဆီ
မှဖုန်းဆက်လာခြင်းဖြစ်သည်။"ဆရာဝန်ပြောတာတော့ခေါင်းကအပြင်းအထန်ထိသွား
လို့ဦးနှောက်အစိတ်အပိုင်းတစ်ချို့ကမှတ်ဥာဏ်တွေအ
လုပ်မလုပ်တော့တာတဲ့။Ju Hyun ပြန်မှတ်မိဖို့ဆိုရင် အချိန်တော်တော်ယူရမယ်တဲ့။ တကယ်လို့သူသက်သာ
ပြီဆိုရင်တော့အဲ့မှတ်ဥာဏ်တွေကိုပြန်မှတ်မိဖို့အခွင့်အ
ရေးအများကြီးရှိပေမယ့်သူလုံးဝပြန်မမှတ်မိနိုင်တော့တာ
လည်းဖြစ်နိုင်တယ်တဲ့ Hyung..."Seulgiတစ်ဖက်လိုင်းကနေငြိမ်ပြီးသူ့ညီပြောတဲ့စကား
ကိုနားထောင်နေသည်။ Seung Wan ရဲ့အသံက အရမ်းတည်ငြိမ်နေပြီးစကားပြောတာလည်းအသက်မပါ
တော့ပေ။"အဲ့တော့မင်း Ju Hyun ကိုပြောမှာလား? အခုက
November ရောက်နေပြီးမင်းတို့ကလက်ထပ်ပြီး
သွားပြီဆိုတာတွေကို…""ဆရာဝန်ပြောတာတော့သူ့ကိုပြောပြပေးတာကောင်း
တယ်တဲ့။ အဲ့လိုပြောပြပေးရင်သူ့မှတ်ဥာဏ်ပြန်ရဖို့အ
တွက်အထောက်အကူဖြစ်တယ်တဲ့။ သူကျွန်တော့်ကို
ဒီ...ဒီအတိုင်းဘာမှမတော်တဲ့သူစိမ်းတစ်ယောက်လို
မြင်နေတာကိုကျွန်တော်မခံစားနိုင်ဘူး Hyung"Seung Wan အသံကနည်းနည်းငိုသံပေါက်လာ
သည်။ Seung Wanအသက်ကိုပြင်းပြင်းရှုလိုက်
ပြီးမျက်လုံးမှိတ်လိုက်ကာ