That's Our Destiny
~~~~~"တောင်းပန်ပါတယ်..အဲ့ဒါငါ့အမှားပါ။ မနေ့ကသာငါ
Ju Hyunကိုတစ်ယောက်တည်းအိမ်ပြန်မလွှတ်ဘူး
ဆိုရင်သူ accidentဖြစ်မှာမဟုတ်ဘူး""ဘယ်သူ့အမှားမှမဟုတ်ပါဘူး Noona"
JiSoo နှာရှုံ့ရင်းဆေးရုံကိုလာသတင်းမေးတဲ့ဆိုင်
ကအလုပ်သမားတွေကိုရယ်မောပြီးစကားပြောနေတဲ့
သူ့သူငယ်ချင်း Ju Hyun ကိုကြည့်လိုက်သည်။Ju Hyunရဲ့ဆေးရုံခန်းကတော့ဟိုလူဒီလူ လူနာလာ
မေးရင်းပေးသွားတဲ့မုန့်တွေပန်းစည်းတွေနဲ့ပြည့်နေသည်။Seung Wan လည်းခုနကသူ့အမေရဲ့မရမကစေ
လွှတ်မှုကြောင့်အိမ်ပြန်ရေချိုးပြီးရိုးရိုးT-shirt လေးနဲ့
Jean ဘောင်းဘီဝတ်ထားကာသန့်သန့်ပြန့်ပြန့်ဖြစ်နေ
သည်။"ကလေးဘာမှမဖြစ်တာဘုရားကိုကျေးဇူးတင်ရမှာပဲ။
တကယ်လို့သာကလေးတစ်ခုခုဖြစ်ခဲ့ရင် Ju Hyun တစ်သက်လုံးသူ့ကိုယ်သူခွင့်လွှတ်နိုင်မှာမဟုတ်တော့
ဘူး"Seung Wan မျက်နှာကဘာမှမဖြစ်သလိုနေနေပေ
မယ့်စိတ်ထဲမှာတော့မကောင်းပေ။Seung Wan ပြူတင်းပေါက်နားမှာ JiSoo နဲ့ စကားပြောနေပေမယ့်လည်းသူ့အကြည့်တွေကတော့
Ju Hyun ဆီကနေတစ်ချက်လေးမှကိုမခွာပေ။Ju Hyun ကတော့တစ်ခါတစ်ခါသူတို့ဘာပြောနေ
ကြပါလိမ့်ဆိုတဲ့အကြည့်နဲ့ခိုးခိုးပြီးကြည့်နေပေမယ့်သူ ခိုးကြည့်တာကို Seung Wan ကမိသွားတိုင်းမျက်
လုံးတစ်ဖက်မှိတ်မှိတ်ပြရင်းစနေသည်။Ju Hyunမြင်တော့ရှက်ရှက်နဲ့မမြင်ချင်ယောင်ဆောင်
နေလိုက်သည်။JiSoo စိတ်ထဲမှာတော့သက်ပြင်းတွေသာချနေမိသည်။
*ဒီနှစ်ယောက်အတိတ်မေ့နေတဲ့အခြေအနေမှာတောင် ကလူကျီစယ်နိုင်ကြသေးတယ်။ သတိမေ့နေတယ်ဆို
တာတကယ်ရောဟုတ်ရဲ့လားဟမ်*Seung Wan အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ
"အဲ့ဒါကြောင့်ကျွန်တော် Ju Hyun ကိုကလေးကိစ္စ
ဘာမှမပြောတာ။ Noonaလည်းသိတဲ့အတိုင်းပဲ Ju
Hyun ကအခုတောင်ကျွန်တော်နဲ့မိဘတွေကိုစိတ်ပူ
အောင်လုပ်မိလို့ဆိုပြီးသူကိုယ်သူအပြစ်တင်နေတာလေ။
ကျွန်တော်တို့ကလေးအကြောင်းသာပြောလိုက်ရင် သူ
ဘယ်လိုဖြစ်သွားမလဲဆိုတာစဉ်းစားလို့တောင်မရဘူး"