That's Our Destiny
~~~~~Ju Hyun ရေချိုးခန်းတံခါးဖွင့်ပြီးထွက်လာတဲ့အချိန်
မှာသူမရဲ့ကုတင်ဘေးမှာဘောင်းဘီအိတ်ကပ်ထဲလက်
ထည့်ပြီးရပ်နေတဲ့ Seung Wan ကိုတွေ့လိုက်ရ
သည်။Seung Wan ကသူမကိုဘာပြောရမှန်းမသိတဲ့အ
မူအရာနဲ့ကြည့်နေတော့သူမလည်းနှုတ်ခမ်းကိုကိုက်ပြီး
Seung Wan ကိုမဝံ့မရဲနဲ့ပြန်ကြည့်လိုက်သည်။*ဆံပင်နဲ့အင်္ကျီတွေညစ်ပတ်ရှုပ်ပွနေတာတောင်သူက ကြည့်လို့ကောင်းနေတာပဲ။ဟမ်..နေပါဦးငါဘယ်သူ့ကို judge လုပ်နေတာလဲ?*
သူမတစ်ယောက်တည်းမလုံမလဲတွေးလိုက်ပြီးသူမ
အကြည့်က Seung Wan ရဲ့မျက်လုံးတွေဆီကို
ရောက်သွားသည်။*အိုး..Seung Wan မျက်လုံးတွေကနီရဲနေတာ
ပဲ*သူမနှလုံးကရုတ်တရပ်အောင့်ခနဲဖြစ်သွားတာကြောင့်
သူမလက်နဲ့နှလုံးနေရာကိုဖိထားလိုက်ရသည်။*Seung Wanရဲ့အဲ့လိုပုံစံကိုတွေ့တော့ဘာလို့
ရုတ်တရက်ငါ့နှလုံးကအောင့်လာရတာလဲ?*Seung Wan ကသူ့ကိုစကားစပြီးမပြောမယ့်ပုံက
သေချာနေတော့ Ju Hyun ချောင်းဟန့်လိုက်ကာ"အမ်...နင်ဘယ်တွေသွားနေတာလဲ? နင်ငါ့ကိုစိတ်
ဆိုးနေတာလား? နင့်ကိုမမှတ်မိလို့လေ…"Seung Wan မျက်နှာကအခုထိခပ်တည်တည်ပုံစံ
ပဲရှိနေသည်။Ju Hyun လည်းဘာကြောင့်မှန်းမသိပဲ Seung
Wanရဲ့အဲ့လိုအမူအရာကြောင့်ဝမ်းနည်းသလိုခံစားရ
ပြီးတဖြည်းဖြည်းနဲ့မျက်ရည်တွေဝဲလာကာနောက်တော့
မျက်ရည်တွေပါကျလာသည်။*အာ...ရှက်ဖို့ကောင်းလိုက်တာ။ ဘာလို့ဒီလောက်
တောင်ခံစားလွယ်နေတာလဲ?*"ငါတကယ်တောင်းပန်ပါတယ် Seung Wan…"
ငိုသံပေါက်နေတဲ့ Ju Hyun ရဲ့စကားက Seung
Wan ရဲ့အတွေးလွန်နေတဲ့စိတ်ကိုပုံမှန်ပြန်ဖြစ်သွား
စေသည်။