Ep.12

1K 70 19
                                    

That's Our Destiny
~~~~~

သူတို့ရဲ့ Relationship အခြေအနေကအကုန်လုံး
နောက်ပြန်ပဲဖြစ်နေပြီးပုံမှန် Relationship တွေနဲ့ လုံးဝကိုမတူတာလေ။

စုံတွဲအများစုကပထမဆုံးတစ်ယောက်အကြောင်းတစ်
ယောက်နားလည်အောင်လုပ်တယ်၊ ပြီးရင် Date လုပ်
တယ်၊ ချစ်တယ်ဆိုတာဖွင့်ပြောပြကြတယ်၊ နောက်ဆုံးမှ
လက်ထပ်ဖို့အထိလုပ်ကြတာ။ Skinship အပိုင်းက
တော့အဲ့စုံတွဲတွေရဲ့အသင့်ဖြစ်မှုပေါ်မှာမူတည်ပြီးအဆင့်
တွေတက်တာပေါ့။

ဒါပေမယ့် Seung Wanနဲ့ Ju Hyunရဲ့ love story ကကျတော့လက်ထပ်တာကစတယ်။တခြားအ
ဆင့်တွေကျတော့အဲ့ဒါပြီးမှတဖြည်းဖြည်းလာတယ်။

ဒါပေမယ့်သူတို့ကအရင်လက်ထပ်ခဲ့တာဆိုတော့သူတို့
အဆင့်တက်တာက 0ကနေတစ်နာရီကိုမိုင်တစ်ထောင်
နှုန်းအရှိန်နဲ့မျက်စိတမှိတ်ထဲမှာသွားလိုက်သလိုပဲ။

နေ့တိုင်းကသူတို့အတွက်သင်ယူစရာအသစ်တွေဖြစ်နေ
တယ်။ရင်ဖိုစရာကောင်းပြီးပျော်ရွှင်ရတဲ့ရှာဖွေမှု Game
ကိုဆော့နေရသလိုမျိုး။

Ju Hyun ကတော့လက်ထပ်ခြင်းမှာလျှို့ဝှက်ချက်
တွေမထားရဘူးဆိုတာကိုသိလာပြီး Seung Wan
ကတော့ Ju Hyun ရဲ့စိတ်အတားအဆီးတွေကိုဖယ် ရှားရတာကပျော်ရွှင်ဖို့ကောင်းတယ်ဆိုတာသိလာတယ်။

Ju Hyun ကပုံမှန်ဆိုတစ်ယောက်တည်းအထီးကျန်
နေတတ်တယ်။ အလုပ်ရှုပ်တဲ့မိဘနှစ်ယောက်လက်ထဲ
မှာကြီးပြင်းလာရတော့တစ်ယောက်တည်းဖာသိဖာသာ
နေတတ်တာကပုံမှန်လိုကိုဖြစ်နေပြီလေ။

သူမသူငယ်ချင်းအများကြီးကိုအပေါင်းအသင်းလုပ်ခဲ့ပေ
မယ့်လည်းတစ်ယောက်တည်းသူ့ဘာသာနေပြီးတွေးနေ
ရတာကသူမအတွက်ပိုပြီးအဆင်ပြေနေတယ်။

သူမတစ်နေ့ Alterပေါ်မှာလျှောက်လှမ်းရပြီးတော့သူမ
ဘေးနားကစူးရှတဲ့မျက်ဝန်းနဲ့ကြည့်တတ်တဲ့အမျိုးသားက သူမနဲ့တစ်သက်လုံးပေါင်းသင်းသွားဖို့သစ္စာဆိုစကားကို
ဆိုပြီးတဲ့နောက်မှာတော့အရာရာကရုတ်တရက်သူမ ဆို တာမဟုတ်တော့ဘဲသူတို့ဆိုတာဖြစ်လာခဲ့သည်။

That's Our DestinyTempat cerita menjadi hidup. Temukan sekarang