Ep.21

663 69 18
                                    

That's Our Destiny
~~~~~

Ju Hyun တစ်ယောက်ဆရာဝန်ပြောလိုက်တဲ့စကား
ကိုလုံးဝကိုမယုံနိုင်ပေ။

သူမ JiSoo ကိုကြောင်ပြီးကြည့်မိနေကာ JiSoo က
တော့သူမကိုအပျော်လွန်ပြီးပြုံးရင်းကြည့်နေသည်။

"JiSoo-ah"

JiSoo သူမကိုဖက်ထားလိုက်ကာ

"ငါသိနေတယ် Ju Hyun-ah...ငါသိနေတယ်။
Seung Wan သာသိရင်အရမ်းပျော်မှာဘဲ"

Ju Hyun ဆရာဝန်ရဲ့ရုံးခန်းအပြင်ကခုံတန်းရှည်မှာ ဖြည်းဖြည်းလေးထိုင်ချလိုက်ပြီးသူ့ရဲ့ဗိုက်ချပ်ချပ်လေး
ကိုဖြည်းဖြည်းပွတ်သပ်လိုက်ကာ

"JiSoo-ah...ဒါကိုလျှိုဝှက်ထားပေးပါလား။Wan အိမ်ပြန်ရောက်မှမျက်နှာချင်းဆိုင်ပြီးပြောပြချင်လို့ပါ"

JiSoo နားလည်တဲ့အနေနဲ့ခေါင်းညိမ့်လိုက်ကာ

"ဒါပေါ့...နင်ကိုယ်တိုင်ပြောရမှာပေါ့"

Ju Hyun ထပ်ပြီးတော့ JiSoo ကိုမဖက်လိုက်ခင် အကြာကြီးကြည့်လိုက်ပြီးသူမရဲ့မျက်လုံးထဲမှာမျက်ရည်
တွေပြည့်လာတာကိုခံစားမိလိုက်သည်။

"ဘုရားရေ! Jisoo-ah! ဒါတကယ်လား..အိမ်မက်
များလား?"

▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪▫▪

"ဝလာလိုက်တာ Hyung"

"ဘယ်သူကပြောတာ? ငါက Chef နဲ့ယူထားတဲ့သူ မဟုတ်ပါဘူးနော်။ အခုတလော Ju Hyun မင်းကို ဘာတွေချက်ကျွေးထားလဲ? ကြည့်ရအောင်မင်းဗိုက်ပူ
လာပြီလားလို့"

"ဟာ...Hyungရာ လွှတ်ပါဗျာ !'

Heathrow လေဆိပ်မှာညီအစ်ကိုနှစ်ယောက်စတွေ့
တာနဲ့ဒီလိုအုံအုံကြွကြွလေးကဖြစ်ပေါ်လာသည်။

ပထမက Seung Wan London ကနေညပိုင်း
မှလာဖို့လုပ်ထားပေမယ့်လည်းမနေ့က Ju Hyunရဲ့
အခြေအနေကိုကြည့်ပြီးSeung Wan သူ့ရဲ့flight အချိန်ကိုစောနိုင်သမျှအစောဆုံးကိုပြောင်းခဲ့တာလေ။

Seung Wanသူ့အစ်ကိုကိုသတိရနေပေမယ့်လည်း
Ju Hyun ဘေးမှာမရှိဘဲအိပ်ရတဲ့နေ့တွေကိုထပ်ပြီး မဖြတ်သန်းချင်တော့ပေ။

That's Our DestinyWhere stories live. Discover now