Ep.3

856 74 14
                                    

That's Our Destiny
~~~~~

Ju Hyun ဝန်ခံရမယ်ဆိုရင်သူမခင်ပွန်းလောင်းနဲ့
ပထမဆုံးအကြိမ်တွေ့ပြီးတော့သေးငယ်တဲ့မျှော်လင့်
ချက်လေးတစ်ခုပေါ်လာခဲ့သည်။

Seulgiကရုပ်ရည်ချောမောတယ်။အပြုအမူကောင်း
တယ်။စကားများများပြောတယ်။ဖော်ဖော်ရွေရွေရှိတယ်
လေ။

ဒါပေမယ့်Seulgiရဲ့အပြုံးကအသက်မဝင်တာကိုသူမ သတိထားမိသည်။

သူမကိုယ်တိုင်ကရောအပြုံးတွေကအသက်ဝင်နေပါ့မ
လားလို့လည်းတွေးမိလိုက်သည်။

ရုတ်တရက်သူမစိတ်ကSeung Wanဆီရောက်
သွားသည်။ ညီအစ်ကိုနှစ်ယောက်မှာပုံစံမတူတဲ့တစ်
ယောက်သူမရဲ့မတ်လောင်းSon Seung Wan။

နှစ်ဖက်မိဘတွေ့ဆုံပွဲမှာသတိုးသားလောင်းကလည်း
နောက်ကျမိဘတွေကလည်းသူမကိုမရှိတဲ့အတိုင်းအ တိုင်းဟိုဖက်မိဘတွေနဲ့စကားပြောနေတဲ့အချိန်မှာသူမ
ကို စ တဲ့ပုံစံတွေ၊ ပြီးတော့သူမကိုစကားပြောပေးနေ
တော့စားသောက်ဆိုင်မှာသူမတစ်ယောက်ထဲငေါင်
တောင်တောင်ကြီးမထိုင်ခဲ့ရတဲ့အချိန်တွေကိုသတိရမိ
သွားသည်။

သူမသက်ပြင်းချလိုက်ပြီးသူ့မတ်လောင်းအစားခင်ပွန်း
လောင်းအကြောင်းကိုပဲတွေးဖို့အတင်းကြိုးစားလိုက်
သည်။

Seulgiကိုကြည့်ရတာပေါင်းလို့သင်းလို့တော့ကောင်း
မယ့်ပုံပါပဲ။သူတို့လက်ထပ်ပြီးရင်သူငယ်ချင်းဖြစ်မလား
လို့သူမတွေးမိသည်။

သူမဘဝတစ်လျှောက်လုံးမှာရှေးရိုးအစဉ်အလာတွေ
ကိုလေးစားဖို့စည်းကမ်းတွေကိုလိုက်နာဖို့မိဘတွေကို စိတ်ချမ်းချမ်းသာသာထားဖို့ စတာတွေကိုသင်ခဲ့ရတယ်။

ဝတ္ထုစာအုပ်ထဲမှာပြောတဲ့အချစ်စစ်ကိုရှာတာဘာညာက သူမလက်ရှိအခြေအနေနဲ့ကွာခြားလွန်းနေတော့ သူမ ဝတ္ထုတွေလျှော့ဖတ်သင့်ပြီဟုတွေးလိုက်သည်။

သူမသာ သာမန်မိန်းကလေးဆိုအဲ့ဝတ္တုထဲကအကြောင်း
အရာတွေကပျော်ရွှင်မှုပေးတယ်လို့ထင်ယောင်ထင်မှား
ဖြစ်နိုင်ပေမယ့်အခုတော့သူမကကိုရီးယားနိုင်ငံရဲ့အချမ်း
သာဆုံးစာရင်းဝင် Baeလုပ်ငန်းစုကိုအမွေဆက်ဆံရ
မယ့် Bae Ju Hyun ဖြစ်နေတယ်လေ။

That's Our DestinyWhere stories live. Discover now