Ep.20

785 71 9
                                    

That's Our Destiny
~~~~~

*Ju Hyun ဒီလိုလုပ်မယ်လို့ယုံတောင်မယုံနိုင်ဘူး*

Seung Wan အစည်းဝေးခန်းထဲကနေအနားယူတဲ့
အခန်းဘက်ကိုတိတ်တဆိတ်လျှောက်လာလိုက်ပြီးဖုန်း
ခေါ်လိုက်သည်။

လက်တစ်ဖက်ကသူ့ Suitထဲကအရာတစ်ခုကိုကျစ်ကျစ်
ပါအောင်ဆုပ်ထားသည်။

တစ်ဖက်လိုင်းက Ju Hyun ဆီကအားတက်သရော နှုတ်ဆက်တဲ့အသံကြားတဲ့အခါမှာ Seung Wan အသက်ကိုပြင်းပြင်းရှုသွင်းလိုက်သည်။

"Honey..အစည်းဝေးလုပ်နေတုန်းမဟုတ်ဘူးလား?ပြီးသွားပြီလား? Yah နင်ပြောတော့လူတစ်ယောက်က
လာမြှူစွယ်တယ်ဆို။ သူတို့ကငါ့ထက်လှလား?အဲ့မိန်းမ
တွေကိုပြောလိုက်စမ်းပါ။နင့်မိန်းမကဓားကိုင်ကျွမ်းတယ်
လို့"

"Bae Ju Hyun"

Seung Wanရဲ့အသံကြောင့် Ju Hyun စကား
ရပ်သွားကာ

"အင်း…"

"မင်းကတော့ပြဿနာအကြီးအကျယ်ရှာလိုက်ပြီ။မဟုတ်
ဘူးလား..ဟုတ်လား?"

"အာ…ငါက?"

Seung Wan မယုံနိုင်စွာခေါင်းခါလိုက်ကာ

"အဲ့ဒါကြောင့်မင်း luggageကိုပြင်ပေးချင်နေတာ
လား?"

"ချစ်လို့ပြင်ပေးတာလေ Honey ရဲ့"

"ကိုယ်အဲ့ဒါနဲ့ပတ်သက်ပြီးသံသယမရှိခဲ့ဘူး။ ဒါပေမယ့်
မင်းကိုယ့်မီးခိုးရောင် suit ထဲမှာတစ်ခုခုထည့်ခဲ့တယ်။ဟုတ်လား..မဟုတ်ဘူးလား?"

"အိုး.."

Ju Hyun ရဲ့ချိုမြိန်ပြီးအရမ်းကိုအပြစ်ကင်းစင်တဲ့ပုံစံ
လေးကသူတို့ရဲ့မင်္ဂလာဦးညမှာသူ့ကိုသူမ ဝတ်ထားတဲ့ bathrode ကိုချွတ်ပြီးအောက်မှာဘာဝတ်ထားတယ်
ဆိုတာကိုပြတဲ့အချိန်မတိုင်ခင်ထိပဲလေ။

"အိုး လို့ပဲပြန်ပြောစရာရှိတာလား?"

"နင်ဘာတွေပြောနေမှန်းငါမသိဘူး။ငါကနင်မီးခိုရောင် Suit နဲ့ဆိုလိုက်လို့ထည့်ပေးလိုက်တာ။ ငါ့အထင်မှန်
သားပဲ။ ခပ်hot hot မိန်းကလေးကတောင်နင့်ကို
မြှူစွယ်သွားသေးတာ။ နင့်ကိုယ်နင်ကြည့်လို့ကောင်း
အောင်မနေလို့မရဘူးလား?"

That's Our DestinyWhere stories live. Discover now