Ep.24

871 77 14
                                    

That's Our Destiny
~~~~~

စက်ရုံရဲ့အထွေထွေမန်နေဂျာက Son Jewelryရဲ့ စက်ရုံအဆောက်အဦးရှေ့မှာမတ်တပ်ရပ်ရင်းSeung Wan ကိုဦးညွှတ်နှုတ်ဆက်လိုက်ကာ

"ဒီနေရာအထိအကြာကြီးကားမောင်းပြီးလာရတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ် Director-nim~~
Helicopter ကပြုပြင်နေမှန်းကျွန်တော်မသိလို့ပါ"

Seung Wan ပြုံးရင်းနဲ့ခေါင်းခါလိုက်ကာ

"ရပါတယ်။ ကျွန်တော်လည်းစက်ရုံကိုမရောက်တာကြာ
ပြီပဲ။ အခုလာလိုက်တာကောင်းတာပေါ့"

"အာ..ဒါနဲ့ကျွန်တော်နောက်ကျပေမယ့်Directorရဲ့ မင်္ဂလာပွဲကိုဂုဏ်ပြုပါတယ်။ဒီစက်ရုံကလူတွေအကုန်လုံး Director ရဲ့မင်္ဂလာပွဲအကြောင်းကိုပြောနေကြတာ"

မန်နေဂျာတစ်ချက်ရယ်လိုက်ကာ

"မိန်းကလေးတချို့ဆိုငိုတောင်ငိုကြတာ။Director
ကြီးရဲ့အမျိုးသမီးကအရမ်းလှတာပဲ။ နောက်အပတ်ကျ ကုမ္ပဏီရဲ့နှစ်ပတ်လည်ညစာစားပွဲမှာ Directorကြီး
ရဲ့အမျိုးသမီးကိုတွေ့ရဖို့ကျွန်တော်မျှော်လင့်နေပါတယ်"

Ju Hyun အကြောင်းကိုပြောလာတော့ Seung
Wan ရဲ့နှုတ်ခမ်းပါးကပိုပြီးကွေးညွှတ်လာသည်။

"အာ...ကျေးဇူးပါပဲ။ Ju Hyun ကလည်းအဲ့ညစာ
စားပွဲတက်ဖို့ကိုစိတ်လှုပ်ရှားနေတာ"

Seung Wanနဲ့ Manager တို့နှစ်ယောက်နှုတ်
ဆက်စကားပြောလိုက်ကြပြီးနောက် Seung Wan ကားထဲဝင်လိုက်ကာစက်ရုံဝင်းထဲကနေမောင်းထွက်လာ
ခဲ့သည်။

စက်ရုံမန်နေဂျာကတော့မောင်းထွက်သွားတဲ့ BMW
အဖြူရောင်လေးကိုငေးကြည့်နေရင်းသူတို့Director
ရဲ့ထူးထူးခြားခြားအရမ်းပျော်နေတဲ့ပုံကိုအံ့သြနေမိသည်။

အရင်တုန်းကဆိုDirector Son ကမနက်စောစော
ထပြီးဒီကိုHelicopterနဲ့လာရရင်တောင်စိတ်ကတစ် နည်းမဟုတ်တစ်နည်းနဲ့တိုနေတာ။

အခုကျတော့သူကိုယ်တိုင်ကားမောင်းလာရတာတောင် ပြုံးပျော်နေတော့မန်နေဂျာဘယ်လိုမှမအံ့သြဘဲမနေနိုင်။

That's Our DestinyWhere stories live. Discover now